Saturday, June 22, 2019

တွံတေးမြို့နယ် အုပ်ချုပ်ရေးမှူးကို အဂတိတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်အရေးယူ

 မြေပိုင်ဆိုင်မှုအငြင်းပွား ရာတွင် နစ်နာသူထံမှ ကျပ် ၁၂၅ သိန်း တောင်းယူသည့်အပြင် အသက်အန္တရာယ်ရှိသည်ဟု ခြိမ်း ခြောက်ပြောဆိုသော တွံတေးမြို့ နယ် အုပ်ချုပ်ရေးမှူးကို အဂတိ လိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ဖြင့် အမှုဖွင့်အရေးယူထား ကြောင်း အဂတိလိုက်စားမှုတိုက် ဖျက်ရေးကော်မရှင်က ဇွန်လ ၂၁ ရက်၌ သတင်းထုတ်ပြန်သည်။ ရန်ကုန်တိုင်း တွံတေး စစ် ဆေးရေးအဖွဲ့၏ တွံတေးမြို့နယ် ခလောက်ချိုက်ကျေးရွာအုပ်စုရှိ လယ်မြေ ဧက ၂၀ ကျော် မြေပိုင်ဆိုင်မှု အငြင်းပွားရာတွင် မြို့နယ် အုပ်ချုပ်ရေးမှူးက ဖွဲ့စည်းသည့်စစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးရာရေးသားချက်များ အမှန်ဖြစ်စေ ရန် နစ်နာသူက ကျပ် ၁၂၅ သိန်း ပေးခဲ့ရခြင်းဖြစ်သည်။



 မြို့နယ်အုပ်ချုပ်ရေးမှူး သည် မှန်မှန်ကန်ကန် ဆောင်ရွက် ခြင်းမရှိသည့်အပြင် အသက်အန္တ ရာယ်ရှိသည်ဟု ခြိမ်းခြောက်ပြော ဆို၍ အရေးယူပေးရန် နစ်နာသူ က ကော်မရှင်ထံ  တိုင်ကြားခြင်း ဖြစ်သည်။

‘‘အခုတော့ ထိန်းသိမ်းထား ပြီးပါပြီ။ တိုင်တဲ့ထဲမှာ ဒါနဲ့ပတ် သက်ပြီး စုံစမ်းစစ်ဆေးတဲ့အခါမှာ အဂတိလိုက်စားကြောင်းပေါ်လို့ တရားစွဲဖို့ စီစဉ်ရတာပါ’’ဟု ကော်မရှင်ပြောရေးဆိုခွင့်ရှိသူ ဦးကျော်စိုးက ပြောသည်။

တွံတေးမြို့နယ် အုပ်ချုပ်ရေးမှူးသည် နစ်နာသူထံမှ တိုင်ကြား စာရေးရန် ၂၀၁၈ မေလ ၁၅ ရက် တွင် ကျပ်ငါးသိန်းနှင့် သက်သေ ထွက်ဆိုချက်များအတွက် အစီ ရင်ခံစာရေးရာ၌ ၂၀၁၈ ဇွန်လ ၂၅ ရက်က ကျပ်သိန်း ၁၂၀ တောင်းယူခဲ့သည်။ ကော်မရှင်က စစ်ဆေးရာ တွင် တောင်းယူကြောင်း မှန်ကန် သဖြင့် ကော်မရှင်က တွံတေးမြို့ နယ် အုပ်ချုပ်ရေးမှူး ဦးမိုးခိုင်ထွန်း ကို တွံတေးမြို့မရဲစခန်း၌ ဇွန်လ ၂၁ ရက်တွင် ပထမသတင်းပေး တိုင်ကြားချက်ဖြင့် တရားစွဲထား ကြောင်း ကော်မရှင်က ဆိုသည်။

No comments:

Post a Comment