Saturday, June 22, 2019

ဂျုဗင်တပ်စ်နည်းပြသစ် ဆာရီကို နာပိုလီဥက္ကဋ္ဌ စကားနာထိုး

ချဲလ်ဆီးအသင်းကနေ ဂျုဗင်တပ်စ်အသင်းကို ပြောင်းရွှေ့သွားခဲ့တဲ့ နည်းပြဆာရီကိုတော့ အသင်းဟောင်း နာပိုလီ ဥက္ကဋ္ဌ အော်ရယ်လီယို ဒီလောရန်းတစ်စ်က စကားနာထိုး ပြောကြားသွားခဲ့ပါတယ်။ နာပိုလီအသင်းကို ၂၀၁၅ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အထိ ၃ ရာသီကိုင်တွယ်ခဲ့ပေမယ့် ဆုဖလားတော့ ရယူပေးနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ ဒါ့ကြောင့် နာပိုလီဥက္ကဋ္ဌ လောရန်းတစ်က ဆာရီဂျူဗင်တပ်စ်ကို ပြောင်းရွှေ့လာတာနဲ့ ပတ်သက်လို့ မအံ့သြကြောင်း၊ ပြီးတော့ သူဟာ ဒီမြေပေါ်မှာ ဘာအောင်မြင်မှုမှမရဖူးလို့ တူရင်မှာလည်း ဘာမှရနိုင်မှာ မဟုတ်လောက်ဘူးလို့ ပြောကြားသွားခဲ့တာဖြစ်ပါတယ်။



ဆာရီဟာ စီးရီးဘီကလပ် အန်ပိုလီကိုနဲ့ နာပိုလီတို့မှာ နည်းပြခဲ့ဖူးတာကြောင့် အီတလီမြေနဲ့ မစိမ်းသူဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းကိုတော့ ၂ နှစ်အကြာသာ ကိုင်တွယ်ခဲ့ပြီး ယူရိုပါလိဂ်ဖလား ရယူပေးနိုင်ခဲ့ပါတယ်။

ဂျူဗင်တပ်စ်အသင်းကလည်း နည်းပြအယ်လီဂရီနဲ့ လမ်းခွဲအပြီးမှာ အီတလီသားကြီး ဆာရီကိုပဲ နည်းပြတာဝန်ပေးအပ်ဖို့ ကြိုးပမ်းခဲ့ပြီး ရာသီအကုန်မှာတော့ ပေါင် ၇ သန်းလောက်နဲ့ တူရင်မြေကို အရခေါ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

No comments:

Post a Comment