Thursday, May 9, 2019

AA ဟု ၀န်ခံသူအပါအ၀င် ခြောက်ဦးကို အရေးယူနိုင်ရန် စစ်တွေမြို့သို့ ပို့ဆောင်ဟု တပ်မတော်ထုတ်ပြန် ကျောက်တန်းရွာ၌ ထိန်းသိမ်းထားသူများအနက် ၃၅ ဦးကို ထပ်မံလွှတ်ပေး၊ ၄၀ ကျော်ကို ဆက်လက်စစ်ဆေး

ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) နှင့်ပတ်သက်၍ မသင်္ကာ ဟုဆိုကာ ရသေ့တောင်မြို့နယ် ကျောက်တန်းရွာ စာသင်ကျောင်း ၌ စစ်ဆေးနေသူများအနက် AA ဟု ၀န်ခံသူလေးဦးအပါအ၀င် ခြောက်ဦးကို စစ်တွေမြို့သို့ ခေါ် ယူ၍ တရားဥပဒေအရ အရေးယူ နိုင်ရန် ဆောင်ရွက်နေကြောင်း တပ်မတော်က ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။

AA နှင့်ပတ်သက်၍မသင်္ကာ ဟုဆိုကာ အမျိုးသား ၂၇၅ ဦးကို ဧပြီ ၃၀ ရက်ကစ၍ လုံခြုံရေး တပ်ဖွဲ့များက ထိန်းသိမ်းစစ်ဆေး ခဲ့သည်။ ထိုသို့ စစ်ဆေးစဉ် မေလ ၂ ရက် နံနက်တွင် ပစ်ခတ်မှုဖြစ် ပွားပြီး ထိန်းသိမ်းထားသူများအ နက် ခြောက်ဦးသေ၊ ရှစ်ဦး ဒဏ် ရာရပြီး  လေးဦး လွတ်မြောက် သည်။ ထို့နောက် မေလ ၃ ရက် တွင် AA နှင့် ဆက်နွှယ်မှုမရှိသူ ၁၂၆ ဦး၊   ၆ ရက်တွင် ၄၈ ဦးနှင့်   ၈ ရက်တွင် ၃၅ ဦး စုစုပေါင်း၂၀၉ ဦး   ပြန်လွှတ်ပေးခဲ့ကြောင်း၊ ကျန်ရှိသူ ၄၃ ဦးကို ဆက်လက် စစ်ဆေးနေကြောင်း တပ်မတော် က သတင်းထုတ်ပြန်သည်။

ပြန်လွှတ်ပေးခဲ့သူများအ နက် အသက် (၁၇) နှစ်အရွယ် အ မျိုးသားတစ်ဦးသည် AA အဖွဲ့ဝင် ဖြစ်ကြောင်းသိရ၍ ပြန်လည်ထိန်း သိမ်းစစ်ဆေးရာ ၎င်းကိုယ်တိုင် AA အဖွဲ့ဝင်ဟု ၀န်ခံခဲ့ကြောင်း၊ စစ်ဆေးမှုများအရ အခြားသုံးဦး ကလည်း AA ဟု ၀န်ခံခဲ့ကြောင်း၊ ထို့ကြောင့် AA ဟု ၀န်ခံသူလေးဦး နှင့် သံသယရှိသူနှစ်ဦး စုစုပေါင်း ခြောက်ဦးကို မေလ ၈ရက်တွင် စစ်တွေမြို့သို့ ခေါ်ယူ၍ တရား ဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်နေကြောင်း သတင်း ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။

‘‘ခြောက်ယောက်ထဲမှာ ကိုယ်တိုင်ဝန်ခံထားတဲ့ လေး ယောက်ကတော့ အရေးယူလို့ရ ပြီ။ ကျန်တဲ့ သံသယနှစ်ယောက် ကတော့ ထပ်ပြီးစစ်ရဦးမှာ။ အ ရေးယူခြင်း၊ မယူခြင်းက သူ့ရဲ့ သက်သေခိုင်လုံမှုအပေါ်မှာ မူ တည်တယ်။ နှစ်ဦးက သံသယအ ဆင့်မှာပဲရှိသေးတယ်။ တရားစွဲ တင်နိုင်တဲ့ အဆင့်မရှိသေးဘူး’’ဟု တပ်မတော် သတင်းမှန်ပြန်ကြား ရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူး ချုပ်ဇော်မင်းထွန်းက ပြောကြား သည်။

AA ပြောရေးဆိုခွင့်ရှိသူ ခိုင် သုခကမူ ကျောက်တန်းရွာ၌ ၎င်း တို့ တပ်ဖွဲ့ဝင်မရှိကြောင်း၊ တပ်မ တော်က နှိပ်စက်စစ်ဆေး၍သာ ၀န်ခံခြင်းဖြစ်နိုင်ကြောင်း ပြော ကြားသည်။

‘‘အဲဒီရွာမှာ အကုန်လုံးကအ ရပ်သားတွေချည်းပဲ။ AA တစ် ယောက်မှ မရှိဘူး’’ဟု ခိုင်သုခက ဆိုသည်။ တပ်မတော် တာဝန်ရှိသူများ ကမူ ထိန်းသိမ်းထားသူများ စစ် ဆေးရာတွင် နှိပ်စက်ညှဉ်းပန်း ခြင်း မပြုကြောင်း၊ ကျောက်တန်း ရွာ၌ မေလ ၂ရက်ကဖြစ်ပွားခဲ့ သော ပစ်ခတ်မှုဖြစ်စဉ်နှင့်ပတ် သက်၍လည်း  တပ်မတော်သား များအနေဖြင့် သတ်မှတ်ဥပဒေ များ   လိုက်နာမှုရှိ၊မရှိ စုံစမ်းရေး အဖွဲ့ဖြင့် စစ်ဆေးနေကြောင်း၊ ကျူးလွန်မှုများရှိပါက အရေးယူ မည်ဖြစ်ကြောင်း ပြောကြားထား သည်။

No comments:

Post a Comment