Thursday, May 9, 2019

မန်းစည်ပင်ဝန်ထမ်းခေါ်ယူရာတွင် ငွေကြေးတောင်းခံခဲ့သူ ခုနစ်ဦးကို စစ်ဆေးနေ

မန္တလေးမြို့တော်စည် ပင်သာယာရေးကော်မတီက တာ ဝန်ယူဆောင်ရွက်သည့် တိုးဂိတ် များ၌ ဝန်ထမ်းခေါ်ယူရာတွင် ငွေကြေးလိမ်လည်တောင်းခံခဲ့သူခုနစ်ဦးကို စုံစမ်းစစ်ဆေးနေကြောင်း ကော်မတီဝင် ဦးကျော်ဇောအောင် က ပြောသည်။ တိုးဂိတ်များတွင် တာဝန် ထမ်းဆောင်ရန် ဝန်ထမ်းများခေါ် ယူရာ၌ မိတ္ထီလာ၊ မြင်းခြံ၊ တောင် သာ၊ ညောင်ဦးနယ်များမှ လူပွဲစားများက လျှောက်လွှာတင်ပေးလျှင် ကျပ်တစ်သိန်း၊ အလုပ်ရလျှင်  ကျပ်သုံးသိန်း၊ ငါးသိန်း စသဖြင့် တောင်းခံမှုများ ဖော်ထုတ်တွေ့ရှိခဲ့ကြောင်း ၎င်းက ဆိုသည်။



အလုပ်ခန့်အပ်ခံရသူများနှင့် တွေ့ဆုံပွဲတွင် ငွေကြေးကြောင့် ရွေးချယ်ခံရခြင်းမဟုတ်ဘဲ ၎င်းတို့ အရည်အချင်းကြောင့် ရွေးချယ်ခံ ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြော ကြားရာမှ ရွေးချယ်ခံရသူအချို့က အလုပ်ရရန် ပွဲစားများကို ငွေကြေး ပေးခဲ့ရကြောင်း ပြောဆိုရာမှ ပေါ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်း ဦးကျော်ဇောအောင်က   ရှင်းပြသည်။

‘‘စည်ပင်သာယာ အလုပ်အကိုင်အခွင့်အလမ်းများနဲ့ပတ် သက်ပြီး အားလုံးလျှောက်လို့ရ တယ်။ ဘယ်သူနဲ့သိလို့ဆိုပြီး ဘာ အခွင့်အရေးမှ ရှိမှာမဟုတ်ပါဘူး။ အရင်က ရှိခဲ့ပေမယ့် ကျွန်တော်တို့ လက်ထက်မှာ ဒါမျိုးအလုပ်မခံပါ ဘူး’’ဟု ဦးကျော်ဇောအောင်က ဆိုသည်။

ငွေကြေးလိမ်လည်တောင်း ခံရာတွင် ခုနစ်ဦးအနက် ပြင်ပမှ ငါးဦး၊ စည်ပင်သာယာမှ စာရေး အဆင့် ဝန်ထမ်းနှစ်ဦး ပါဝင်ပြီး ပြင်ပလူများကို တည်ဆဲဥပဒေ များဖြင့် အရေးယူခြင်း၊ ဝန်ထမ်း များကို ဝန်ထမ်းစည်းမျဉ်းဥပဒေ များအပြင် တည်ဆဲဥပဒေအရပါ အရေးယူမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။  စုံစမ်းစစ်ဆေးမှုများကို ကော်မတီဝင် ဦးကျော်ဇောအောင်က ဦးဆောင်ပြုလုပ်နေခြင်းဖြစ် သည်။

မန္တလေးမြို့တော် စည်ပင် သာယာရေးကော်မတီသည် မြို့ ဝင်ဘီးခွန်ကောက်ခံခြင်းလုပ်ငန်း များကို ယခင်က ပုဂ္ဂလိကသို့ လေလံချထားရာမှ ၂၀၁၉ ဧပြီက စတင်ကာ ကိုယ်တိုင်ပြောင်းလဲ ကောက်ခံပြီး ယင်းအတွက် ဝန်ထမ်းဦးရေ ၁၆၀ ကို အလုပ်ခေါ်ယူ ခန့်အပ်ခဲ့သည်။

 မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီအနေဖြင့် ၂၀၁၈ နှစ်လယ်ပိုင်း အစိုးရ ၂ နှစ်တာသက်တမ်းကာလအထိ အမြဲ တမ်းနှင့် ယာယီဝန်ထမ်း ၆၅၀ ဦးလျှော့ချနိုင်ခဲ့ပြီး ရာထူးမှ ထုတ် ပယ်ခဲ့သည့် ဝန်ထမ်း ၁၁ ဦးရှိကြောင်း မှတ်တမ်းများတွင် ဖော်ပြထားသည်။ အစိုးရသစ် တာဝန်ယူပြီး နောက်ပိုင်း လက်ရှိအထိ မြို့ တော်စည်ပင်သာယာရေးကော်မ တီသည် ဝန်ထမ်းအသစ်၂၀၀ ကျော် ခေါ်ယူထားကြောင်း မှတ်တမ်းများတွင် ဖော်ပြထားသည်။

No comments:

Post a Comment