Thursday, May 9, 2019

ကျော်မင်းဦးနှင့်ဇေယျာနိုင်တို့၏ ဒဏ်ရာခွဲစိတ်မှု ရှစ်လအတွင်း ပြန်ကောင်းလာဖွယ်ရှိ

ဒူးဒဏ်ရာကြောင့် ကာ လကြာ အနားယူနေရသည့်  မြန်မာ့လက်ရွေးစင် ကွင်းလယ်လူ  ကျော်မင်းဦးနှင့် အာရှပြိုင်ပွဲတွင် ဒူးဒဏ်ရာ ရရှိသည့် မြန်မာယူ-၂၃ ကစားသမား ဇေယျာနိုင် တို့ ၏ ခွဲစိတ်ကုသမှု ရှစ်လအတွင်း ပြန်ကောင်းလာဖွယ်ရှိကြောင်း ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူ တစ်ဦးက ပြောသည်။ြ မန်မာ့လက်ရွေးစင် ဘော လုံးသမား ကျော်မင်းဦး၊ မျိုးကို ထွန်းနှင့် လူငယ်လက်ရွေးစင် က စားသမား ဇေယျာနိုင်တို့သည် ဧရာဝတီဖောင်ဒေးရှင်း၏ ပံ့ပိုးမှု ဖြင့် ပြီးခဲ့သည့်တစ်ပတ်က ထိုင်း နိုင်ငံ ဘန်ကောက်မြို့သို့ စစ်ဆေး မှု သွားရောက်ပြုလုပ်ခဲ့သည်။

ယင်း စစ်ဆေးချက်အရ ကျော်မင်းဦးသည် ဘယ်ဒူးအရွတ် ဒဏ်ရာ (ACL) နှင့် ဒူးအတွင်း အရိုးနု (Meniscus) ကို ခွဲစိတ်ကု သရမည်ဖြစ်ပြီး မေလ ၁၂ ရက် တွင် ခွဲစိတ်ကုသရန် ယာယီရက် သတ်မှတ်ထားသည်။ ဇေယျာနိုင် လည်း ကျော်မင်းဦးကဲ့သို့  ဒဏ်ရာ မျိုးရရှိထားကာ ညာဒူးခွဲစိတ်ကုသမှုခံယူရမည်ဖြစ်သည်။

မျိုးကိုထွန်း၏ ဘယ်ဘက် ပေါင်ရိုးနှင့် ခုံညင်းရိုးဒဏ်ရာသည် အခြေအနေကောင်းပြီး  ခွဲစိတ်ကု သမှု ခံယူရန် မလိုအပ်ဘဲ ကြွက် သားများ ပြန်လည်ကောင်းမွန်လာ စေရန် လေ့ကျင့်ခန်း ပြုလုပ်ရ မည်ဖြစ်သည်။

ကျော်မင်းဦးနှင့် ဇေယျာနိုင်  သည် ခွဲစိတ်မှုအပြီး ရှစ်လ အ တွင်း ပြန်လည်သက်သာလာမည် ဟု ဆေးစစ်ချက်အရ သိရကြောင်း ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူက ပြောသည်။

ကျော်မင်းဦးသည် ၂၀၁၆ ဘောလုံးရာသီအစတွင် ဘယ် ဘက်ဒူးဒဏ်ရာ ရရှိသဖြင့် တစ် နှစ်ကျော် အနားယူရပြီး ၂၀၁၈ အစပိုင်း၌ မိခင်ကလပ် ရန်ကုန် အသင်းတွင် ပြန်လည်ကစား သော်လည်း မတ်လ၌ လေ့ကျင့် ခန်းတွင် ညာဘက်ဒူးဒဏ်ရာ ထိ ခိုက်မိသဖြင့် ထပ်မံအနားယူခဲ့ရ သည်။

အဆိုပါ ဒူးဒဏ်ရာကို ၂၀၁၈ ဇွန်လက မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အစီအစဉ်ဖြင့်  ထိုင်းလိဂ်ကလပ် Police Tero အ သင်းတွင် လေ့ကျင့်ကုသပြီး ဘန် ကောက်မြို့ သောင်ဘူရီဆေးရုံ၌  ခွဲစိတ်ကုသမှု ခံယူခဲ့သည်။ သို့ သော် ဒဏ်ရာသက်သာခြင်း မရှိ သဖြင့် ကစားသမားဘဝ အနား ယူရန် ဆုံးဖြတ်သော်လည်း ဘော လုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်၏ ပြန်လည်ညှိနှိုင်းမှုကြောင့် ပြန် ကစားရန် ဆုံးဖြတ်ခဲ့သည်။  မြန်မာယူ-၂၃ ကစားသမား ဇေယျာနိုင်သည် ပြီးခဲ့သည့် မတ် လက ကျင်းပသည့် ၂၀၁၉ အာရှယူ-၂၃ ခြေစစ်ပွဲစဉ်တွင် ဒူး အရွတ်ဒဏ်ရာ ရရှိခဲ့သည်။

No comments:

Post a Comment