Thursday, May 9, 2019

အက်သလက်တီကိုအသင်းခေါင်းဆောင် ဂိုဒင် အသင်းမှ ထွက်ခွာမည်

ကိုးနှစ်ကြာမြင့်ပြီး နောက် ဇွန်လ၌ စာချုပ်ပြည့်ချိန် တွင် အက်သလက်တီကိုမက်ဒရစ် မှ ထွက်ခွာတော့မည်ဟု အသင်း ခေါင်းဆောင် ဥရုဂွေးနောက်တန်း လူ ဒီယေဂို ဂိုဒင်က သတင်းစာ ရှင်းလင်းပွဲတစ်ရပ်၌ မျက်ရည် မကျအောင် ထိန်းရင်းပြောကြား သည်။ ဂိုဒင်သည် ၂၀၁ဝ တွင် ဗီ လာရီးရဲလ်မှ ပြောင်းရွှေ့လာပြီး အက်သလက်တီကိုအတွက် ၃၈၇ ပွဲ ကစားကာ ၂၀၁၄ က ဘာစီလို နာနှင့် တစ်ဂိုးစီသရေကျသောပွဲ ၌ ကလပ်အတွက် ၁၈ နှစ်အတွင်း လာလီဂါဖလားရရှိစေခဲ့သော ခေါင်းတိုက်ဂိုးအပါအဝင် ၂၇ ဂိုး သွင်းယူသည်။ မည်သည့်ကလပ်ကို ပြောင်း ရွှေ့မည်ကို ဂိုဒင် (၃၃) နှစ်က မ ပြောပေ။ သို့သော် စပိန်မီဒီယာ အများအပြားကမူ ယင်းကစား သမား အင်တာသို့ ပြောင်းရွှေ့ မည်ဟု ဖော်ပြသည်။



ဂိုဒင်သည်အသင်း၏ သက် တမ်းအရှည်ဆုံး ကစားသမားဖြစ် ကာ ဖာနန်ဒိုတောရက်စ်နှင့် အ သင်း ခေါင်းဆောင်ဟောင်း ဂါဘီ ဖာနန်ဒက်ဇ် ယမန်နှစ်ကထွက်ခွာ ပြီးနောက်ပိုင်း ထွက်ခွာသည့် နာ မည်ကျော် ကစားသမားဖြစ် သည်။

‘‘ကျွန်တော်နည်းနည်းတော့  ဂနာမငြိမ်ဖြစ်နေပါတယ်။ ဒါပေ မဲ့လည်း ဒါဟာကလပ်မှာ ကျွန် တော့်ရဲ့ နောက်ဆုံးနေ့ရက်တွေ ဆိုတာ အသိပေးဖို့လူတိုင်းကို ကျွန်တော်ခေါ်လိုက်တာပါ။ နှုတ် ဆက်တယ်လို့ ပြောရတာ နာ ကျင်ပါတယ်။ ဒါပေမဲ့လည်း နေ့ တိုင်းပဲ အသင်းအတွက် ပေးဆပ် ခဲ့လို့ ခေါင်းမော့ပြီး ထွက်ခွာသွား မှာပါ’’ဟု ဂိုဒင်က ပြောသည်။

အက်သလက်တီကိုဥက္ကဋ္ဌ အင်းနရစ်စီရီဇိုကလည်း ‘‘အက်သ လက်တီကိုဂန္ထဝင်တစ်ဦးကို နှုတ် ဆက်ဖို့ ဒီကိုရောက်လာတာပါ။ မင်းဟာ ကလပ်ရဲ့ကြီးကျယ်တဲ့ ခေတ်ရဲ့အလွန်အရေးပါတဲ့ အ စိတ်အပိုင်းတစ်ခုပါ’’ ဟု ပြော သည်။ ၂၀၁၄ လာလီဂါဖလားအ ပြင် ဂိုဒင်သည် ယူရိုပါလိဂ်ဖလား နှစ်ကြိမ်၊ ကိုပါဒယ်ရေးဖလားတစ် ကြိမ်၊ စပိန်စူပါဖလားတစ်ကြိမ် နှင့် ယူအီးအက်ဖ်အေစူပါဖလား သုံးကြိမ် ရရှိခဲ့သည်။ ၂၀၁၄ နှင့် ၂၀၁၆ တွင် ချန်ပီယံလိဂ်ဗိုလ်လု ပွဲသို့ နှစ်ကြိမ်ရောက်ရှိပြီး နှစ် ကြိမ်စလုံး ရီးရဲလ်ကိုရှုံးနိမ့်သည်။

No comments:

Post a Comment