Thursday, May 9, 2019

ပျဉ်းမနားမြို့နယ်တွင် မှိုများစားမိ၍ အဆိပ်သင့်ကာ ၆ ဦး ဆေးရုံတက် ကုသနေရ

၂၀၁၉ခုနှစ်၊ မေလ ၇ ရက်နေ့ နေ့လယ် ၁၂ နာရီအချိန် ပျဉ်းမနားမြို့နယ် သပြေလှရပ်ကွက်နေ အောင်ကျော်မိုး(၂၀)နှစ်ပါ ၆ ဦး(ကျား ၃၊ မ ၃)တို့သည် တောထဲသို့ ထင်းခွေသွားခဲ့ရာ မှိုများအားတွေ့ရှိခဲ့သည်ဆို၏။ အဆိုပါမှိုများကို ယူဆောင်ခဲ့ကာ နေအိမ်၌ ဟင်းချက်စားရာမှအော့အန်ပြီးအစာအဆိပ်သင့်(မစိုးရိမ်ရ) ဖြစ်ပွားခဲ့သဖြင့်မွန်းလွဲ ၃ နာရီ ၁၀ မိနစ်အချိန်တွင် ပျဉ်းမနားခုတင်(၂၀၀)ဆေးရုံသို့ ပို့ဆောင်ကုသလျက်ရှိသည်။

No comments:

Post a Comment