Thursday, May 9, 2019

ဓားဖြင့်အကြိမ်ကြိမ်ထိုးကာ လူသတ်မှုကျူးလွန်ပြီး လိင်အင်္ဂါကိုပါဖြတ်ခဲ့သူများကိုဖမ်းဆီး

မအေနှမနဲ့ဆဲဆိုတဲ့သူငယ်​ချင်းကို​ ဓားဖြင့်အချက်ပေါင်းများစွာထိုးသတ်ပြီးလိင်အင်္ဂါကိုဖြတ်ကာပါးစပ်ထဲထည့်ထားခဲ့တဲ့လူသတ်​မှုကျုးလွန်ခဲ့သူတွေကို ကျွန်းကုန်းနယ်မြေရဲစခန်းက ဖမ်းဆီးလိုက်ပြီဖြစ်ပါတယ်။ ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်ရှိနေပူကုန်းကျေးရွာ​နေသူ ၀င်းမြင့် ၊ နိုင်မင်းထွန်း ၊ နိုင်ဝမ်း တို့ ၃ ဦးဟာ ကံကြီးကျေးရွာနေသူနန်းဝင်း ဆိုသူနဲ့ ငါးကျဉ်စက်ထိုးဖမ်းရန်ဆိုင်​ကယ်​၂စီးနဲ့ထွက်​လာခဲ့ပြီး ငါးကင်​စား​သောက်​ခဲ့ကြတာဖြစ်​ပါတယ်​။



ထိုသို့စား​သောက်​​နေစဉ်​မှာပဲ နေပူကုန်းရွာသား ၀င်းမြင့်က ကံကြီးရွာသား နန်းဝင်းကို အရက်မူးပြီးရစ်ကာ မ​အေနှမနဲ့ဆဲဆိုတာ​ကြောင့်​ ​ဒေါသထွက်​ပြီး ၀င်းမြင့်ကို ဓားနဲ့အချက်​​ပေါင်းများစွာထိုးသတ်​ခဲ့တဲ့အပြင်​ ​သေဆုံးသူရဲ့လိင်​အဂါင်္ကိုပါဓားနဲ့ဖြတ်​ပြီး ပါးစပ်​ထဲထည့်​ခဲ့​တာဖြစ်​တယ်​လို့ ကျွန်းကုန်းနယ်မြေရဲစခန်းမှ တာဝန်ကျရဲအရာရှိတစ်​ဦးကရှင်းပြပါတယ်​။

"မအေနှမတွေ သုံးပြီး ဆဲဆိုတော့ နန်းဝင်းက မကျေနပ်တာနဲ့ ပါလာတဲ့ဓားနဲ့ ၀င်းမြင့်ကို အချက်ပေါင်းများစွာထိုးသတ်လိုက်တာ။ ပြီးတော့မအေနှမတွေနဲ့ကိုင်တုတ်ထားတော့ မင်းဟာမင်းပြန်ယူဆိုပြီး လိင်အင်္ဂါကိုဖြတ်ပြီး ပါးစပ်ထဲထည့်ထားခဲ့တာ"လို့ကနဦးစစ်​​ဆေးချက်​အရ သိရ​ကြောင်း တာဝန်​ကျရဲအရာရှိကရှင်းပြပါတယ်​။

ယင်း​နောက်​အ​လောင်းကို တရွတ်တိုက်ဆွဲယူလာပြီး နှစ်ဆောင်ပြိုင်ကျေးရွာတောင်ဘက်ဧက ၁၀၀ လယ်မြေ ဆည်မြောင်းပြွန်ပေါက်အနီးတွင် ပစ်ထားခဲ့ပြီး ​မေလ၈ရက်​​နေ့ကအ​လောင်းကိုရှာ​ဖွေ​တွေ့ရှိခဲ့တာ​ကြောင့်​ လူသတ်​မှုမှာပါဝင်​သူသုံးဦးစလုံးကို မ​နေ့က(မေလ ၈ရက်)ဖမ်းဆီးထားလိုက်​ပြီဖြစ်​ပါတယ်​။

ဒီလူသတ်​မှုမှာ ကျူးလွန်သူ/ ပါဝင်ပတ်သက်​သူ ၃ ဦးစလုံးကို (ပ)၁၇၂/၂၀၁၉ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ နဲ့ ကျွန်းကုန်းနယ်မြေရဲစခန်းမှာအမှုဖွင့် အရေးယူစစ်​​ဆေးလျက်​ရှိပါတယ်​။

No comments:

Post a Comment