Thursday, May 9, 2019

တောင်ဒဂုံတွင် ကွန်တိန်နာနှင့် ဆိုင်ကယ်တိုက်၊ သုံးဦးသေဆုံး

 တောင်ဒဂုံမြို့နယ်တွင် ၂၂ ဘီး ကွန်တိန်နာတင်ယာဉ်နှင့် ဆိုင်ကယ်တိုက်မိ၍ အမျိုးသား သုံးဦး သေဆုံးမှု ယမန်နေ့နံနက် က ဖြစ်ပွားသည်။ အဆိုပါသေဆုံးသူအမျိုး သားသုံးဦးသည် ဆိုင်ကယ်မောင်း နှင်သူနှင့် နောက်မှလိုက်ပါလာသူ များဖြစ်ပြီး ရရှိသောဒဏ်ရာများ ဖြင့် အခင်းဖြစ်နေရာတွင် သေဆုံး ကြောင်း တောင်ဒဂုံမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

မေလ ၈ ရက် နံနက် ၁ နာရီ တွင် တောင်ဒဂုံမြို့နယ် (၂၀) ရပ် ကွက်မှ (၅၄) ရပ်ကွက်ဘက်သို့ အမျိုးသားတစ်ဦး (စိစစ်ဆဲ) မောင်းနှင်လာသည့် Feilling- 125 အမျိုးအစားဆိုင်ကယ်သည် လှော်ကားလမ်းနှင့် မောင်းမကန် ကမ်းသာလမ်းဆုံအရောက် မောင်းမကန်ကမ်းသာလမ်းပေါ် သို့ ဖြတ်ထွက်စဉ် ယင်းလမ်းမကြီး တည့်တည့်မှ မောင်းနှင်လာသည့် ၂၂ ဘီးကွန်တိန်နာတင်ယာဉ်နှင့် တိုက်မိခြင်းဖြစ်သည်။ ထိုသို့ တိုက်မိခြင်းကြောင့် ဆိုင်ကယ်မောင်းနှင်သူ အသက် (၂၀) နှစ်ရှိ အမျိုးသားနှင့် ဆိုင် ကယ်နောက်မှလိုက်ပါလာသူ နှစ် ဦးတို့ ဦးခေါင်းပေါက်ပြဲ၊ ဖူးရောင် ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာ တွင် သေဆုံးပြီး ကွန်တိန်နာယာဉ်မောင်းနှင်သူသည်ထွက်ပြေးတိမ်းရှောင်နေသည်ဟု ရဲမှတ်တမ်းက ဆိုသည်။

‘‘နှစ်ဖက်စလုံးကို အမှုဖွင့် ထားတယ်။ မှားတာတော့ ဆိုင် ကယ်သမားဘက်က မှားတာပေါ့။ သူက လမ်းကြားထဲက ဖြတ်အ ထွက်မှာ တိုက်မိတာ။ ကားသမား ကိုတော့ စုံစမ်းနေတုန်းပါပဲ’’ ဟု အထက်ပါရဲအရာရှိက ပြော သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်နှင့် ဆိုင်ကယ်မှယာဉ်မောင်း  နှစ်ဦးကို တောင်ဒဂုံမြို့မရဲစခန်း က ရာဇသတ်ကြီးပုဒ်မ ၃၀၄ (က)/ ၂၇၉/၂၀၂ (ပေါ့လျော့မှု ကြောင့် လူသေမှု/ ယာဉ်မဆင်မ ခြင်မောင်းနှင်မှု/ထွက်ပြေးတိမ်း ရှောင်မှု) ဖြင့် အမှုဖွင့်စစ်ဆေးနေ သည်။

No comments:

Post a Comment