Thursday, May 9, 2019

ဘင်္ဂလားဒေ့ရှ်လေယာဉ်တစီး ရန်ကုန်လေဆိပ်တွင်ဆင်းသက်စဉ် လမ်းချော်၍ လေယာဉ်ကိုယ်ထည်သံပိုင်းကျိုး၊ ဒဏ်ရာရလူနာ ၁၉ဦးကို မ/ဥက္ကလာဆေးရုံမှ ရန်ကုန်ဆေးရုံကြီးသို့ ညတွင်းခြင်း လွဲပြောင်းပို့ဆောင်

ဘင်္ဂလားဒေ့ရှ် Biman လေကြောင်းလိုင်းမှ လေယာဉ်တစီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ဆင်းသက်စဉ် လမ်းချော်၍ လေယာဉ်ကိုယ်ထည် သုံးပိုင်ကျိုးခဲ့ပြီး လေယာဉ်မှူး ၂ ဦးနှင့် ခရီးသည် ၁၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိသည်။ ဘင်္ဂလားဒေ့ရှ် Biman လေကြောင်းလိုင်းမှ လေယာဉ်အမှတ် BG060၊ လေယာဉ်အမျိုးအစား DHC-8 Dash 8 သည် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဆင်းသက်စဉ် မေ ၈ ရက်ည ၆နာရီ ၂၂မိနစ်ခန့် က မိုးလေသည်းသန် စွာရွာ သွန်းမှုကြောင့် လေဆိပ် Cargo Terminal အနီးတွင် မတော်တဆမှုတခု ဖြစ်ပွားကာ လေယာဉ် သုံးပိုင်းကျိုးသွားခဲ့ကြောင်းသိရသည်။



ထိုမတော်တဆမှုကြောင်း လေယာဉ်ရှေ့ဘီးကျိုးပျက်ခဲ့ပြီး ခရီးသည် ၁၇ ဦး နှင့် လေယာဉ်မှူး ၂ ဦး တို့ ထိခိုက်ဒဏ် ရာရရှိခဲ့၍ ဆေးကု သမှုခံယူရန် မြောက်ဥက္ကလာဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး အခြားခရီးသည် ၁၁ ဦးအား ရန် ကုန်အ ပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိ ဆေးခန်းတွင်ပင် ပြုစုကုသပေးခဲ့ပြီး စိုးရိမ်ဖွယ်ရာမရှိ အခြေအနေ ကောင်းမွန်သဖြင့် ထွက်ခွာခွင့်ပြုခဲ့ကြောင်း သိရ သည်။

မြောက်ဥက္ကလာဆေးရုံတွင် ဆေးကုသမှုခံယူ လူနာ ၁၉ဦးအား ည ၁၀နာရီ အချိန် ရန်ကုန်ပြည်သူ့ဆေးရုံ ကြီးသို့ ညတွင်းချင်း လွဲပြောင်းပို့ဆောင်ကပေးခဲ့ကြောင်းသိရသည်။

အခင်းဖြစ်ပွားပြီးနောက်ပိုင်း လေယာဉ်ကွင်းပြေးလမ်းရှင်းလင်းရန်အတွက် ရန်ကုန်လေယာဉ်ကွင်းကို ခေတ္တပိတ်ထား ခဲ့ပြီး ရန်ကုန်သို့ဆင်းသက်မည့်လေယာဉ်များကို လမ်းကြောင်းလွှဲခြင်းများ ပြုလုပ်ပေးခဲ့သော်လည်း ည ည ၉နာရီ ၁မီနစ်အချိန်တွင် လေယာဉ်ကွင်းပြန်ဖွင့်ပေးလိုက်ပြီဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်အောင် ကပြောသည်။

အဆိုပါ ဘင်္ဂလားဒေ့ရှ် လေယာဉ်အမှတ် BG060 သည် ဘင်္ဂလားဒေရှ် ဒေသစံတော်ချိန် ညနေ ၃နာရီ ၄၅အချိန်ခန့် Hazrat Shahjalal အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာ လာခဲ့ခြင်း ဖြစ်ပြီး ခရီးသည် ကလေးငယ်တဦးအပါအ၀င် ခရီးသည်စုစုပေါင်း ၂၉ ဦး ၊ လေယာဉ်မှူး ၂ဦး၊လေယာဉ်အမှုထမ်း ၄ ဦး လိုက်ပါလာခဲ့ကြောင်းသိရသည်။

ခရီးသည်များမှာ ကနေဒါနိုင်ငံသား ၁ ဦး၊ တရုတ်နိုင်ငံသား ၃ ဦး၊ ဒိန်မတ်နိုင်ငံသား ၁ ဦး၊ ပြင်သစ်နိုင်ငံသား ၁ ဦး၊ ယူ ကေနိုင်ငံသား ၂ ဦး၊ အိန္ဒိယနိုင်ငံသား ၁ ဦး၊ ဆွစ်ဇာလန်နိုင်ငံသား ၁ ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၆ ဦး၊ မြန်မာနိုင်ငံသား ၃ ဦးတို့လိုက်ပါလာကြောင်း လေဆိပ်လုံခြုံရေးမှ အမည်မဖော်လိုသူတာဝန်ရှိသူတဦးကပြောသည်။

No comments:

Post a Comment