Thursday, May 9, 2019

သတင်းတပ်ဖွဲ့က အမှုဖွင့်ထားခြင်းအပေါ် ကြားဝင်ဖြေရှင်းပေးရန် DMGသတင်းဌာနက သတင်းမီဒီယာကောင်စီထံ အကူအညီတောင်း

ရခိုင်အခြေစိုက် DMG သတင်းဌာန အယ်ဒီတာချုပ်နှင့် အမှုဆောင်ဒါရိုက်တာ ကိုအောင် မင်းဦးနှင့် အခြားတာဝန်ရှိပုဂ္ဂိုလ် များကို ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ သတင်းတပ်ဖွဲ့ SB က တရားလိုပြုလုပ်၍ မတရားအသင်းအက်ဥပဒေပုဒ်မ (၁၇/၂) ဖြင့် အမှုဖွင့်ထားခြင်းအပေါ် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ က ကြားဝင်ဖြေရှင်းပေးရန် DMG သတင်းဌာနက ယမန်နေ့တွင် အကူအညီတောင်းခံသည်။ ကိုအောင်မင်းဦးနှင့် တာဝန် ရှိသူများကို သတင်းတပ်ဖွဲ့က တရားလိုပြုလုပ်၍ မေလ ၁ ရက် တွင် ရခိုင်ပြည်နယ် စစ်တွေမြို့ အမှတ်(၁)ရဲစခန်း၌ အမှုဖွင့်လှစ် ခဲ့သည်။



‘မိမိတို့ သတင်းဌာနအား တစ်စုံတစ်ရာ အမှုဖွင့်တရားစွဲဆို လောက်သည့် အကြောင်းအရာ များရှိသည့်တိုင်အောင် နိုင်ငံတော်အစိုးရက တရားဝင်အသိအမှတ်ပြုထားသော မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ(MPC)မှတစ်ဆင့်အခြေအနေအရပ်ရပ်အား ပဏာမအဆင့် လေ့လာစိစစ်သုံးသပ်ပြီး  အကယ်၍ နှစ်ဦးနှစ်ဖက် ညှိနှိုင်း၍ရသည်များကို ပြေလည်သည်အထိ ညှိနှိုင်းဖြေရှင်းပြီး သတင်းကျင့်ဝတ်နှင့် ဥပဒေကြောင်းအရ  အရေးယူသင့်သည်များကိုလည်း တရားဥပဒေနည်းလမ်းကျစွာဖြင့် လုပ်ဆောင်သင့်သည်ဟု မိမိတို့အနေဖြင့် အကြံပြုထောက်ပြလိုသည်’ ဟု DMG သတင်းဌာနက ကောင်စီသို့အကူအညီတောင်း ခံသည့်စာတွင် ရေးသားထားသည်။

ထိုသို့ အမှုဖွင့်ထားခြင်းနှင့် ပတ်သက်ပြီး DMG သတင်းဌာန မှ သတင်းထောက်ချုပ် ကိုနေဝင်း စံနှင့် အကြီးတန်းသတင်းထောက် ကိုသက်နိုင်တို့ကို မေလ ၅ ရက် က စ၍ ရဲတပ်ဖွဲ့က နှစ်ရက်ကြာ ခေါ်ယူစစ်ဆေးခဲ့သည်။

လက်ရှိတွင် အမှုဖွင့်ခံထားရ သည့် ကိုအောင်မင်းဦးကို ဖမ်း ဆီးရန် SB က လိုက်လံရှာဖွေနေ ကြောင်း၊ သို့ရာတွင် မည်သည့်အ ကြောင်းကြောင့် အမှုဖွင့်ထား သည်ကို တရားဝင်အကြောင်း ကြားစာမရောက်သေး၍ သတင်း ဌာနအနေဖြင့် မည်သို့ဖြေရှင်းရ မည်ကို စုံစမ်းနေကြောင်း DMG ၏စာ၌ ပါဝင်သည်။

သတင်းရေးသားရာတွင် တပ်မတော်၊ ရက္ခိုင့်တပ်မတော်နှင့် ပြည်သူ့အသံများပါရှိရေး အ တတ်နိုင်ဆုံးကြိုးစားပြီး သတင်း ကျင့်ဝတ်များနှင့်အညီ သတင်းများ ရေးသားတင်ဆက်နေသည့် လွတ်လပ်သည့် သတင်းဌာနတစ် ခုဖြစ်သည်ဟု DMG က ကောင်စီ သို့ ပေးပို့သည့်စာတွင် ဖော်ပြထား သည်။

DMG သတင်းဌာနက ပေး ပို့သည့်စာ သတင်းမီဒီယာကောင် စီသို့ မရောက်သေးကြောင်း၊ သို့ ရာတွင် ကြားဝင်ညှိနှိုင်းဆောင် ရွက်မှု လုပ်ဆောင်ပေးမည်ဖြစ် ကြောင်း ကောင်စီဥက္ကဋ္ဌ ဦးအုန်း ကြိုင်က ပြောသည်။

‘‘သူ့စာဖတ်ပြီးမှ ပြောလို့ ကောင်းမယ်။ ဘာမှ မသိရသေး ဘူး။ စာနဲ့တရားဝင်လာမှ စကား ပြောလို့ကောင်းမယ်’’ဟု ၎င်းက ဆိုသည်။ သတင်းသမားများကို သတင်းကိစ္စနှင့် ပတ်သက်ပြီး သတင်းမီဒီယာဥပဒေနှင့်မဟုတ်ဘဲ အခြားဥပဒေများဖြင့် အမှုဖွင့် တရားစွဲခြင်းကို သဘောမတူ ကြောင်းနှင့် ကန့်ကွက်ကြောင်း The Voice Weekly အယ်ဒီတာ ချုပ် ဦးကျော်မင်းဆွေက ပြော ကြားသည်။

အစိုးရ၊ တပ်မတော်အပါအ ဝင် မည်သည့်အဖွဲ့အစည်း၊ မည် သည့်ပုဂ္ဂိုလ်ဖြစ်စေ သတင်းမီဒီ ယာတွင် ဖော်ပြပါရှိသည့် အ ကြောင်းအရာအဖြစ်အပျက်များ နှင့်ပတ်သက်ပြီး ကျေနပ်မှုမရှိပါ က ပထမအဆင့်အနေဖြင့် သက် ဆိုင်ရာ သတင်းဌာနသို့ တရားဝင် ဖြေရှင်းချက် တောင်းသင့်ကြောင်း၊ ဒုတိယအဆင့်အနေဖြင့် အမှားပြင်ဆင်ချက်ထည့်ရန် တောင်းဆိုနိုင်ကြောင်း၊ အမှားပြင်ဆင်ချက် ဖြင့် မကျေနပ်ပါက တောင်းပန် စာထည့်ခိုင်းနိုင်ကြောင်း ၎င်းက ဆိုသည်။

‘‘အဲဒါမှ လုပ်မပေးဘူးဆိုရင် သတင်းမီဒီယာကောင်စီက တစ် ဆင့် အသိပေးပြီးတော့ ကြားထဲ ကနေ သတင်းမီဒီယာကောင်စီကို စေ့စပ်ညှိနှိုင်းပေးဖို့ အသိပေးတိုင် ကြားလို့ရတယ်။ အဲဒီလိုတိုင်ကြား တာမှ ကျေနပ်မှုမရှိဘူးဆိုရင် တရားစွဲပေါ့။ တရားစွဲတဲ့အခါမှာ လည်း သတင်းကိစ္စဖြစ်တဲ့အတွက် သတင်းမီဒီယာဥပဒေနဲ့ပဲ စွဲစေ ချင်တာပေါ့။ ဒါကတော့ ကိုယ့် ဘက်က မြင်တဲ့အမြင်ပေါ့’’ ဟု ဦးကျော်မင်းဆွေက ပြောသည်။  လတ်တလောတွင် တပ်မ တော်အနေဖြင့် ဧရာဝတီသတင်း ဌာနကို ပုဒ်မ ၆၆(ဃ) ဖြင့် တရားစွဲဆိုထားသည်။

No comments:

Post a Comment