Thursday, May 9, 2019

မတော်တဆမှုဖြစ်ပွားခဲ့သည့် Biman လေယာဉ် နေရာရွှေ့ပြောင်းရန် လုပ်ဆောင်နေ

ခရီးသည် (၃၀) ဦးနဲ့ လေယာဉ်ဝန်ထမ်း(၆)ဦး တင်ဆောင်လာတဲ့ Biman လေကြောင်းလိုင်းက လေယာဉ်တစ်စီးဟာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ဆင်းသက်စဉ် လေယာဉ်ပြေးလမ်းချော်မှု မေလ(၈)ရက်နေ့ ညက ဖြစ်ပွားခဲ့ပါတယ်။ "လက်ရှိမှာတော့ အဲဒီလေယာဉ်ကို ပြေးလမ်းနဲ့ လွတ်တဲ့နေရာကို ရွှေ့ပြောင်းဖို့ လုပ်နေတယ်" လို့ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားမှူးချုပ် ဦးရဲထွဋ်အောင်က ပြောပါတယ်။


Biman လေကြောင်းလိုင်းရဲ့ လေယာဉ်ခရီးစဉ်အမှတ် BG 060 နဲ့ ဒါကာမြို့ကနေ ရန်ကုန်မြို့ကို ပျံသန်းလာတဲ့ Bombardier Dash – 8/400 လေယာဉ်အမျိုးအစားဟာ မေလ(၈)ရက် ညနေ ၆း၅၁ မိနစ်အချိန်မှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဆင်းသက်ချိန်မှာ မိုးသည်းထန်စွာရွာသွန်းမှုနဲ့ မြင်ကွင်းမပြတ်သားမှုကြောင့် လေယာဉ်ပြေးလမ်း ညာဘက်ကို ချော်ထွက်သွားခဲ့တယ်လို့ ဘီမန်လေကြောင်းလိုင်းက သတင်းထုတ်ပြန်ထားပါတယ်။

ဘီမန်လေယာဉ် နေရာရွှေ့ပြောင်းဖို့နဲ့ ပတ်သက်ပြီး ဘီမန်လေကြောင်း လိုင်းက တာဝန်ရှိသူ Mr Alex က (ကျနော်သိသလောက်က လေယာဉ်က လေယာဉ်ပြေးလမ်းကြောင်းရဲ့အပြင်ဖက်မှာပါ။ ဒါကြောင့် လေယာဉ်ပြေးလမ်းအတွက် ပြသာနာမရှိပါဘူး။ လေယာဉ်ပြေးလမ်းက ရှင်းပါ တယ်။ လေယာဉ်ကို ဘယ်တော့ရွှေ့နိုင်မလဲဆိုတာတော့ ကျနော်သေချာမသိသေးဘူး။ လေယာဉ်လိုင်း တာဝန်ရှိသူတွေက ခွင့်ပြုတဲ့အချိန်၊ ကျနော်တို့အစိုးရက ဒီမတော်တဆဖြစ်စဉ်ကို စစ်ဆေးပြီးတဲ့ အချိန်ကျရင် နေရာရွှေ့ဖို့ ခွင်ြ့ပုချက်ပေးလိမ့်မယ်လို့ ကျနော်ထင်ပါ တယ်။)လို့ ပြောပါတယ်။

မြန်မာနိုင်ငံလေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက တာဝန်ရှိသူတွေနဲ့ လေယာဉ်မတော်တဆထိခိုက်မှု စုံစမ်းစစ်ဆေးရေး ဌာနခွဲ (AAIB) တာဝန်ရှိသူတွေလည်း မတော်တဆမှုဖြစ်ပွားရာနေရာမှာ ကြည့်ရှုစစ်ဆေးပြီး လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေကို ဆက်လက် လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

No comments:

Post a Comment