Thursday, May 9, 2019

မော်လမြိုင်မြို့ ဈေးကြိုရပ်ကွက်ရှိ ရုပ်စုံအဝိုင်းအား အသစ်ပြန်လည် ပြုပြင် မွမ်းမံရန်အတွက် လုပ်ငန်းများ စတင်

ရုပ်စုံအဝိုင်းကို မေ ၇ ရက် ည ၁၀ နာရီ မိနစ် ၃၀ ခန့်က ဖြိုဖျက်ခြင်းလုပ်ငန်းများ ဆောင်ရွက်စဉ်ေမာ္လျမိုင္ျမို့ ဈေးကြိုရပ်ကွက်ရှိ ရုပ်စုံအဝိုင်းအား အသစ်ပြန်လည် ပြုပြင်မွမ်းမံရန်အတွက် မေ ၇ ရက် ည ၁၀ နာရီ မိနစ် ၃၀ မှ စတင်ကာ လုပ်ငန်းများ စတင်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။မော်လမြိုင်မြို့ ဈေးကြိုရပ်ကွက်ရှိ ရုပ်စုံအဝိုင်းမှာ ယိုယွင်း ပျက်စီးနေပြီဖြစ်၍ ယင်းရုပ်စုံအဝိုင်းကို ဖြိုဖျက်၍ အသစ်ပြန်လည် တည်ဆောက်သွားမည် ဖြစ်ကြောင်း မော်လမြိုင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမြင့်သိန်းက ဆိုသည်။“ရုပ်စုံအဝိုင်းက နှစ်ကာလ ကြာပြီးဖြစ်လို့ စောင်းပြီး ပြိုကျတော့မယ် အခြေအနေမျိုး ဖြစ်နေတယ်။
ဒါကြောင့် ဒါကိုဖျက်ပြီး အသစ် ပြန်ဆောက်သွားပါမယ်။ အသစ် ပြန်ဆောက်တဲ့ အခါမှာလည်း အဝိုင်းပဲ ပြန်လုပ်ပါမယ်။ ဒါပေမဲ့ အရင်နေရာဟောင်းတော့ မဟုတ်ဘူး။ ဒီဇိုင်းအရ နည်းနည်းတော့ ရွေ့ရတယ်။ လက်ရှိ ဖြိုဖျက်နေတဲ့ အဝိုင်းအဟောင်းက ကညနရုံးနဲ့ အရမ်းကပ်နေတယ်။ အဲဒါကို အဝိုင်းပတ် ပတ်လို့ ကောင်းမယ့်နေရာ၊ အဆင်ပြေမယ့် နေရာကို နည်းနည်း ရွှေ့သွားပါမယ်” ဟု ဦးမြင့်သိန်းက ပြောကြားသည်။အဆိုပါ ဈေးကြိုရပ်ကွက်ရှိ ရုပ်စုံအဝိုင်းအစား အဝိုင်းပတ်အသစ်ကို မော်လမြိုင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူ ဆောက်လုပ်သွားမည် ဖြစ်ကြောင်း၊ အဝိုင်း အပြင် ရေမြောင်များ ပြန်လည် ပြုလုပ်ခြင်း၊ လမ်းချဲ့ခြင်းနှင့် လျှပ်စစ်မီးတိုင်၊ လိုင်းစွဲခြင်း လုပ်ငန်းများ အားလုံးအတွက် ပြည်နယ် အစိုးရအဖွဲ့ မှ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍဍာနှစ် ငွေလုံးငွေရင်း ကျပ်သိန်း ၁၅၀ဝ ဖြင့် အကောင်အထည်ဖော်မည် ဖြစ်ကြောင်း ဦးမြင့်သိန်းက ဆက်လက် ပြောကြားသည်။ဈေးကြိုရုပ်စုံအဝိုင်း ပြန်လည် တည်ဆောက်ရာတွင် မြောင်းများ ပြင်ဆင်ခြင်းနှင့် လမ်းများ တိုးချဲ့ခြင်း လုပ်ငန်းကို အကောင်အထည်ဖော်နေသည်မှာ တစ်ပတ်ခန့်ရှိပြီ ဖြစ်ကြောင်း၊ ရုပ်စုံအဝိုင်းကို မေ ၇ ရက် ည ၁၀ နာရီ မိနစ် ၃၀ ခန့်က ရုပ်စုံအဝိုင်းအား ဖြိုဖျက်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း၊ အဝိုင်းအသစ် တည်ဆောက်စဉ် ကာလအတွင်း ယာဉ်သွားလာမှု အခက်အခဲ မဖြစ်စေရန် မော်တော်ယာဉ် စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့က လမ်းရှင်းပေးနေကြောင်းနှင့် ဈေးကြို ရုပ်စုံအဝိုင်း ပြုလုပ်မည့် ဒီဇိုင်းနှင့် ပုံစံကို အဝိုင်းအနီးရှိ LED ဘုတ်တွင် ကြေညာထားကြောင်း မော်လမြိုင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။အဆိုပါ ဈေးကြိုရုပ်စုံအဝိုင်းမှာ ပြိုကျမည့် အန္တရာယ် ရှိနေသည့်အတွက် အသစ် ပြန်လည် တည်ဆောက်နိုင်ရန်အတွက် ၂၀၁၇ ခုနှစ် မေ ၂၁ ရက်က ပြုလုပ်ခဲ့သည့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပဉ္စမအကြိမ်မြောက် ပုံမှန်အစည်းအဝေး (တတိယနေ့ ) တွင် မွန်ပြည်နယ် လွှတ်တော် ဒုဥက္ကဋ္ဌဌဖြစ်သူ ချောင်းဆုံမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် (၁) မှ ကိုယ်စားလှယ် ဒေါက်တာ အောင်နိုင်ဦးက လွှတ်တော် အစည်းအဝေးတွင် မေးခွန်းမေးမြန်းခဲ့ပြီး ပြည်နယ်အစိုးရ အဖွဲ့မှလည်း ပြန်လည် တည်ဆောက်သွားမည်ဟု ကတိပြုထားကြောင်း သိရသည်။ထိုရုပ်စုံအဝိုင်းသည် မွန်ပြည်နယ် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥက္ကဋ္ဌဌ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူ ဗိုလ်ချုပ်စိုးမြင့်၏ လမ်းညွှန်မှုဖြင့် တည်ဆောက်ခဲ့ပြီး ၁၉၉၂ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် ဖွင့်လှစ်ခဲ့ကြောင်းနှင့် လက်ရှိတွင် သက်တမ်းအားဖြင့် ၂၇ နှစ်ကျော် ရှိပြီဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment