Thursday, May 9, 2019

ဒေါ်​အောင်​ဆန်းစုကြည်​ ​မန်း​ရွှေစက်​​တော်​ဘုရားသို့ လာ​ရောက်​ဖူး

 နိုင်​ငံ​တော်​၏အတိုင်​ပင်​ခံပုဂ္ဂိုလ်​ ​ဒေါ်​အောင်​ဆန်းစုကြည်​သည်​ ယ​နေ့ ​မေလ(၉)ရက်​ မကွေးမြို့သို့ရောက်ရှိလာပြီး မန်းရွှေစက်တော်ဘုရားသို့ လာရောက်ဖူးမျှော်ခဲ့သည်။  ​အောက်​စက်​​တော်​ရာနှင့်​ အထက်​စက်​​တော်​ရာဘုရားတို့ကိုလည်း ဖူး​မျှော်​ခဲ့ပြီး ဘုရာကြီးအား ကျပ်​​ငွေ ၅ သိန်းလှူဒါန်းခဲ့​ကြောင်း ဘုရား​ဂေါပကအဖွဲ့တာဝန်​ရှိသူက​ပြောသည်​။ ထ်ု့ပြင် ရွှေစက်​​တော်​ ဆင်​စခန်း၊ ​ရွှေစက်​​တော်​​ဒေသ​ဘောမဲ့​တောရှိ ​ရွှေသမင်​ခြံတို့ကိုလည်း နိုင်ငံတော်အတိုင်ပင်ခံက ဝင်​​ရောက်​ကြည့်​ရှုခဲ့​ကြောင်း တာဝန်​ရှိသူက​ပြောသည်​။ အဆိုပါခရီးစဉ်​တွင်​ ​ရွှေစက်​​တော်​ဘုရား​ဂေါပကရုံး၌ ​နိုင်​​တော်​အတိုင်​ပင်​ခံပုဂ္ဂိုလ်​ ​ဒေါ်​အောင်​ဆန်းစုကြည်​ထံ တိုင်​စာများ​ပေးပို့နိုင်​ရန်​ တိုင်​စာဌာနဖွင့်​လှစ်​ခဲ့ပြီး တိုင်​စာစုစု​ပေါင်း(၉)​စောင်​ရရှိခဲ့​ကြောင်း စကုမြို့နယ်​အုပ်​ချုပ်​​ရေးမှုး ဦးကြည်​မင်းက​ပြောသည်​။

No comments:

Post a Comment