Thursday, May 9, 2019

နေပြည်တော်ခြေဥထောက်ခံပွဲတွင် ဖျော်ဖြေသည့် ဇွဲအငြိမ့်မှ လူရွှင်တော်များကို တပ်မတော်တရားစွဲ

နေပြည်တော် ခြေဥထောက်ခံပွဲတွင် ဖျော်ဖြေ သည့် ဇွဲအငြိမ့်အဖွဲ့မှ လူရွှင်တော် များ၏ တင်ဆက်မှုအချို့သည် တပ်မတော်ဂုဏ်သိက္ခာကို ထိခိုက်စေသည်ဆိုကာ နေပြည်တော် တိုင်းစစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူး ကြီးမြင့်ဦးက တရားလိုပြုလုပ်ကာ ဇမ္ဗူသီရိမြို့နယ် တရားရုံး၌ ဦး တိုက်လျှောက်ထားသည်။  ‘‘ပြင်ဆင်ရေးထောက်ခံပွဲ မှာ အခမ်းအနားနဲ့မဆိုင်တဲ့ တင် ဆက်မှု၊ တပ်မတော်ယူနီဖောင်း ဝတ်ပြီးတော့ အရပ်ဝတ်နဲ့ ပုဂ္ဂိုလ် ကို ခြေထောက်တင်ထားတာ လေ။ အဲဒါကတော့ ဒီလိုပုံရိပ် တွေက တပ်မတော်ကို ပြည်သူလူ ထုက အထင်မြင်လွဲမှားစေနိုင် တယ်လေ။ အထင်အမြင်လွဲမှား တယ်ဆိုကတည်းက တပ်မတော် ဂုဏ်သိက္ခာကို ကြီးကြီးမားမား ထိခိုက်စေနိုင်တယ်လေ။ အဲဒါ ကြောင့် တရားရုံးကို လျှောက်ထားတာ’’ဟု အထက်ပါစစ်ဌာနချုပ်မှ တာဝန်ရှိသူ ဗိုလ်မှူးကြီးသိန်းဇော် က ပြောသည်။



အခြေခံဥပဒေပြင်ဆင်ရေး ထောက်ခံပွဲကို မတ်လ ၃၁ ရက် က ပြုလုပ်ပြီး နေပြည်တော်တိုင်း စစ်ဌာနချုပ်က ဧပြီ ၁၂ ရက်၌ ဇမ္ဗူသီရိမြို့နယ်တရားရုံးသို့ ဦး တိုက်လျှောက်ထားသည်။

‘‘လက်ရှိအနေအထားက တော့ တရားရုံးပဲ ရှိပါသေးတယ်။ ရုံးချိန်းက ဧပြီ ၂၆ ရက်နေ့က တစ် ခေါက်ချိန်းတာပေါ့’’ဟု ဗိုလ်မှူးကြီးသိန်းဇော်က ရှင်းပြသည်။ ယင်းနေ့တွင် တိုင်ကြားသူကို တရားရုံးက ကနဦးစစ်ဆေးခဲ့ သည်။

ထိုသို့ တရားရုံးဦးတိုက် လျှောက်ထားမှုများတွင် တရားသူ ကြီးက တိုင်ကြားသူကို ကနဦးစစ် ဆေးရပြီး တရားရုံးက စီရင်မည် (သို့မဟုတ်)ရဲစခန်းသို့ ပြန်စစ်ခိုင်း မည် စသဖြင့် ဆုံးဖြတ်ဆောင်ရွက်နိုင်ကြောင်း တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်ဇော်က ပြော သည်။

‘‘ရုံးက အရေးယူတာလည်း မဟုတ်သေးဘူး။ လက်ခံတာ လည်း မဟုတ်သေးဘူး။ ပြန်ပြီး စစ်ခိုင်းတာ’’ဟု လက်ရှိ အမှု အခြေအနေကို  ဦးခင်မောင်ဇော်က ရှင်းပြသည်။

ဇွဲအငြိမ့်တွင် ပါဝင်၍ တရား စွဲဆိုခံရသူတစ်ဦးဖြစ်သည့် ကိုပန်း သီးက အမှုကို စစ်ဆေးမည့်ရဲအ ရာရှိနှင့်တွေ့ဆုံရန်ရှိပြီး အခြေအ နေ ဆက်လက်စောင့်ကြည့်ရဦး မည်ဖြစ်ကြောင်း ပြောသည်။ အငြိမ့်တွင် ပါဝင်သည့် လူရွှင်တော် ငါးဦးသည် တစ်နေရာတည်းတွင် မရှိသလို တရားစွဲဆိုထားသည်ကို လည်း မသိကြောင်း ၎င်းက ပြောသည်။

‘‘ပုံမှန်အားဖြင့်ကြည့်မယ်ဆို ရင်တော့ ဒီပြက်လုံးက နားလည်မှု လွဲစရာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ တပ်မတော်သားတစ်ယောက်က တစ်ယောက်ကို ခြေထောက်နဲ့ဖိ ထားတဲ့ သဘောမျိုးပေါ့။ အမှန်တော့ ဒီပြက်လုံးရဲ့ အစ၊ အဆုံးဆိုရင်တော့ အဲဒီဘက်ကို အဓိပ္ပာယ်မရောက်ဘူးဗျ။ ကျွန်တော်တို့တင် ဆက်တဲ့ ပုံစံကလည်း အဲဒီလိုမျိုးပုံစံမျိုး တင်ဆက်တာမဟုတ်ဘူး။ အငြိမ့်စင်ပေါ်မှာ ရိုးရိုးသာမန် အရင်တုန်းက မောင်တူးချိတ်တို့ရှိ တယ်၊ စစ်သားချိတ်၊ လူရွှင်တော် တွေ ပြက်နေကျ ပြက်လုံးပုံစံမျိုးပဲ။ အဲဒီပြက်လုံးပုံစံမျိုး ဒီလိုမျိုး ဓာတ် ပုံထဲမှာ မြင်လိုက်တဲ့အခါကျတော့ တစ်မျိုးပုံစံ အထင်လွဲမှားမှုတစ်ခု ဖြစ်တယ်လို့ပဲ ကျွန်တော်ယူဆ တယ်ဗျ’’ဟု ၎င်းက ဆိုသည်။  ခြေဥထောက်ခံပွဲတွင် လာရောက်ဖျော်ဖြေသူများတွင် လူ ရွှင်တော်ငါးဦး၊ မင်းသမီးတစ်ဦး နှင့် ဆိုင်းအဖွဲ့ခုနစ်ဦး ပါဝင် ကြောင်း ကိုပန်းသီးက ပြောသည်။ယခုလပိုင်းအတွင်း သတင်း မီဒီယာ၊ သံချပ်၊ အငြိမ့်နှင့် လူ ပုဂ္ဂိုလ်တို့အပေါ် တပ်မတော်၏ တရားစွဲဆိုမှုများ ဆက်တိုက်နီးပါး ရှိနေပြီး ဒါရိုက်တာမင်းထင်ကိုကို ကြီး၊ ဗိုလ်ကြီးဟောင်းနေမျိုးဇင်၊ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့တို့ပါဝင်သည်။

No comments:

Post a Comment