Thursday, May 9, 2019

တပ်မ​တော်​ဘက်​မှ တရားစွဲထား​သော ​ဒါရိုက်​တာ မင်းထင်​ကိုကိုကြီး ကျန်းမာ​ရေး အ​ခြေအ​နေဆိုးရွား

တပ်​မ​တော်​ဘက်​မှ ပုဒ်​မ ၂ ခုဖြင့်​တရားစွဲထား​သော ဒါရိုက်​တာ မင်းထင်​ကိုကိုကြီးအား ​​မေလ ၉ ရက်​၊ ရန်​ကုန်​မြို့၊ အင်းစိန်​မြို့နယ်​တရားရုံးတွင်​ ၃ ကြိမ်​​မြောက်​ ရုံးထုတ်​စစ်​​ဆေးလျက်​ရှိသည်​။ ယ​နေ့ရုံးထုတ်​စဉ်​ ကျန်းမာ​ရေးအ​ခြေအ​နေဆိုးရွား​နေသဖြင့်​ ရဲအချုပ်​ခန်းတွင်​ ​ခေတ္တနားပြီး​နောက်​ တရားခွင်​အတွင်းသို့ ဝင်​သွားခဲ့သည်​ကို​တွေ့ရသည်​။
လူသိများထင်​ရှားသည့်​ ဒါရိုက်​တာ မင်းထင်​ကိုကိုကြီးကို ရန်​ကုန်​တိုင်းစစ်​ဌာနချုပ်​မှ ဒုတိယဗိုလ်​မှူးကြီး လင်းထွန်းက ဆက်​သွယ်​​ရေးဥပ​ဒေပုဒ်​မ- ၆၆(ဃ) ဖြင့် ​အင်းစိန်​မြို့မရဲစခန်းတွင်​တရားစွဲခဲ့ပြီး အင်းစိန်​မြို့နယ်​တရားရုံးတွင်​လည်း ​ပုဒ်​မ- ၅ဝ၅(က)ဖြင့်​ ဦးတိုက်​​လျှောက်​ တရားစွဲဆိုထားခြင်းဖြစ်​သည်​။ လူမှုကွန်​ရက်​စာမျက်​နှာတွင်​ တပ်​မ​တော်​နှင့်​ ကာကွယ်​​ရေးဦးစီးချုပ်​ကို ဂုဏ်​သိက္ခာကျဆင်း​အောင်​ လုပ်​​ဆောင်​သည်​ဟုဆိုကာ ဒါရိုက်​တာ မင်းထင်​ကိုကိုကြီးကို တပ်​မ​တော်​ဘက်​မှ အမှုဖွင့်​ တရားစွဲဆိုထားခြင်းဖြစ်​သည်​။

No comments:

Post a Comment