Thursday, May 9, 2019

မလေးရှား ဝန်ကြီးချုပ်ဟောင်းရဲ့ပစ္စည်း နိုင်ငံဘဏ္ဍာအဖြစ် ရယူမည်

မလေးရှား အစိုးရရှေ့နေတွေက အကျင့်ပျက်ခြစားမှုနဲ့ စွဲချက်တင်ခံနေရတဲ့ ဝန်ကြီးချုပ်ဟောင်း နာဂျစ် ရာဇတ်၊ သူ့ဇနီး ရို့စ်မာ မင်ဆောနဲ့ မိသားစုဝင်တွေထံက သိမ်းဆီးထားပြီးဖြစ်တဲ့ ငွေကြေးပစ္စည်းတွေကို နိုင်ငံအတွက် နစ်နာကြေးအဖြစ် ရယူလိုကြောင်း ကွာလာလမ်ပူမြို့ က ဗဟိုတရားရုံးမှာ အင်္ဂါနေ့က လျှောက်ထားခဲ့တယ်လို့ သိရပါတယ်။



ဝန်ကြီးချုပ်ဟောင်း နာဂျစ် ရာဇတ် မိသားစုထံကနေ ပြီးခဲ့တဲ့ ၁ နှစ်အတွင်း သိမ်းဆီးထားတဲ့ ငွေကြေးပစ္စည်း တန်ဖိုးက စုစုပေါင်း ကန် ဒေါ်လာ ၂၇၅ သန်းခန့်ရှိပြီး အိုးအိမ်တွေ၊ ဇိမ်ခံကားတွေ၊ တန်ဖိုးကြီး နာရီတွေ၊ လက်ကိုင်အိတ်တွေ ပါဝင်ပါတယ်။

ဝန်ကြီးချုပ်ဟောင်း နာဂျစ် အာဏာရစဉ် မလေးရှားနိုင်ငံပိုင် ဘဏ္ဍာငွေတွေထဲက မတရားရယူသွားခဲ့တဲ့ ငွေကြေးပမာဏဟာ အမေရိကန် ဒေါ်လာ သန်း ၄၅ဝဝ ခန့် ရှိတယ်လို့ အမေရိကန် အစိုးရရှေ့နေတွေက ပြောပါတယ်။

No comments:

Post a Comment