Thursday, May 9, 2019

မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်ဆိုင်းဘုတ်ကို ကုန်တင်တွဲကားတစ်စီး ဝင်တိုက်မိ

မန္တလေးတိုင်း စဥ့်ကိုင် မြို့နယ် ပုလိပ်ခြောက်လမ်းသွား လမ်းဟောင်းထိပ်ရှိ မန္တလေးအ ပြည်ပြည်ဆိုင်ရာ လေဆိပ်ဆိုင်း ဘုတ်ကို မေလ ၆ ရက်ညက ကုန် တင်တွဲကား တစ်စီးတိုက်မိပြီး ပျက်စီးသော်လည်းယာဉ်မောင်း နှင့်ယာဉ်ကို   ဖမ်းမိခြင်းမရှိ ကြောင်း  လေဆိပ်စီမံခန့်ခွဲရေးဝန် ဆောင်မှုကုမ္ပဏီ MC JALUX  အုပ်ချုပ်ရေးမှူး ဦးကျော်ဆန်းက ပြောသည်။ ‘
‘အဲဒါက ဆိုင်းဘုတ်အ ဟောင်းကြီးပါ။ ရန်ကုန်-မန္တလေး အမြန်လမ်း မရှိတုန်းက လမ်း ဟောင်းပဲရှိတဲ့အတွက် အဲဒီနေရာ မှာထားတဲ့ ဆိုင်းဘုတ်ပါ။ လေ ဆိပ်စပြီးဆောက်ကတည်းက ဆောက်လုပ်ရေးကနေ ဆောက် ပေးထားတဲ့ဟာပါ။ တွဲကားကြီး က ညက မီးပိတ်မောင်းလာပြီး ဝင်အောင်းသွားတဲ့အတွက် ဘယ် သူမှ သေချာမတွေ့လိုက်ရဘူး’’ ဟု ဦးကျော်ဆန်းက ပြောသည်။

အဆိုပါ ကုန်တင်တွဲကား သည် မေလ ၆ ရက် ည ၁၁ နာရီခွဲ ခန့်တွင် လေဆိပ်ဆိုင်းဘုတ်ကို တိုက်မိချိန်  မည်သူမျှမတွေ့ရှိဘဲ ဆိုင်းဘုတ်၏ တိုင်နှစ်ခုသာ ကျန်ရှိကြောင်း ၎င်းကပြောသည်။

လေဆိပ် စီမံခန့်ခွဲရေးဝန် ဆောင်မှုကုမ္ပဏီ  MC JALUX သည်  လေဆိပ်ဝင်းအတွင်းပိုင်း ဝန်ဆောင်မှုများသာ အဓိကတာ ဝန်ယူဆောင်ရွက်ရပြီး အဆိုပါ ဆိုင်းဘုတ် ပျက်စီးမှုနှင့်ပတ်သက် ၍ ဆောက်လုပ်ရေးဝန်ကြီးဌာနက ဆောင်ရွက်မည့်အစီအစဉ်ကို မ သိရှိသေးကြောင်း ဦးကျော်ဆန်း က ပြောသည်။ ‘‘ဆောက်လုပ်ရေးကပဲ ပြန် ဆောက်မယ်ထင်တယ်။ ဘယ်လို လုပ်မလဲဆိုတာတော့ ပြောလို့မရ သေးဘူး။ ဆိုင်းဘုတ်ကတော့တိုင်နှစ်တိုင်ပဲ ကျန်တော့တယ်။ ကုမ္ပဏီအနေနဲ့ကတော့ လေဆိပ်ဝင်းထဲမှာ ရှိတဲ့အပိုင်းတွေကိုပဲ အဓိကတာဝန်ယူရတာ ဖြစ်ပါတယ်’’ ဟု ၎င်းက ပြောသည်။

No comments:

Post a Comment