Thursday, May 9, 2019

ဖုန်းဖြင့် နှစ်လုံးထီလောင်းကစားပြုလုပ်သူအား အရေးယူ

၂၀၁၉ ခုနှစ်၊ မေလ ၇ ရက်နေ့ ညနေ ၅ နာရီ ၂၀ မိနစ်အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ်၊ (၄)ရပ်ကွက်၊ အနော်ရထာလမ်းနှင့် (၂၇) လမ်းထိပ်တွင် ဖုန်းမက်ဆေ့ဖြင့် ရေးသားပေးပို့လက်ခံကာ လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ ပန်းဘဲတန်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများအတူ သွားရောက်ရှာဖွေစစ်ဆေးခဲ့ရာ အဆိုပါလမ်းထိပ်တွင် (၈)ရပ်ကွက်၊ (၃၀) လမ်းနေ ဒါဝတ် (၆၅) နှစ်အား တွေ့ရှိရပြီး ၎င်းဝတ်ဆင်ထားသည့် အပြာရောင်အင်္ကျီ လက်ရှည် ရှေ့ဝဲဘက်အိတ်ကပ်အတွင်းမှ ၀၉×××××××၊ ၀၉××××××× နံပါတ်များပါရှိသည့် Mi ငွေမှင်ရောင်လက်ကိုင်ဖုန်း(၁)လုံး၊ ဖုန်း Massage Box အတွင်း နှစ်လုံးထီဂဏန်းနှင့် လောင်းကြေး ငွေတန်ဖိုးများ ရေသား၍ ပေးပို့ထားသည့်စာများ လောင်းကြေးငွေများနှင့်အတူ ဖမ်းဆီးရမိခဲ့ သောကြောင့် ပန်းဘဲတန်းမြို့မရဲစခန်း(ပ)၁၆၄/၂၀၁၉၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/၁၆(က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

No comments:

Post a Comment