Thursday, May 9, 2019

ဥရောပနိုင်ငံတစ်ဝန်း လူ(၃၄၀၀၀)ကျော် ၀က်သက်ရောဂါ ဖြစ်ပွားနေ

ဥရောပနိုင်ငံတစ်ဝန်းမှာ (၂၀၁၉)ခုနှစ် ပထမ(၂)လအတွင်း လူ(၃၄၀၀၀)ကျော် ၀က်သက်ရောဂါ ဖြစ်ပွားခဲ့ပါတယ်။ ယူကရိန်းနိုင်ငံမှာလည်း တော်တော်များများ ၀က်သက်ရောဂါဖြစ်ပွားနေတယ်လို့ သိရပါတယ်။ ကူးစက်နိုင်ခြေရှိတဲ့ လူတွေကို ကာကွယ်ဆေးထိုးခိုင်းဖို့ကိုလည်း အခုလ(၇)ရက်နေ့က ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က သက်ဆိုင်ရာ တာဝန်ရှိသူတွေကို တိုက်တွန်းထားပါတယ်။



ယူကရိန်း၊ ရိုမေးနီးယားနဲ့ အယ်လ်ဘေးနီးယားနိုင်ငံတွေမှာ ဒီရောဂါကြောင့် လူသေဆုံးမှုတွေရှိတယ်လို့ သိရပါတယ်။ ဒီရောဂါဖြစ်ပွားမှုဟာ ဆက်လက်ပျံ့နှံ့နေတယ်လို့ WHO က သတိပေးပြောကြားခဲ့ပါတယ်။
ဝက်သက်ရောဂါဟာ ကူးစက်တတ်တဲ့ ရောဂါတစ်မျိုးဖြစ်ပြီး ဒီရောဂါကြောင့် လူသေဆုံးနိုင်သလို မျက်စိကွယ်တာတွေ၊ ဆွံ့အသွားတာတွေနဲ့ ဦးနှောက်ချို့ယွင်းမှုတွေလည်း ဖြစ်ပွားနိုင်ပါတယ်။

ကာကွယ်ဆေးထိုးတာဟာ ဒီရောဂါဖြစ်ပွားမှုကို တားဆီးနိုင်တဲ့ တစ်ခုတည်းသောနည်းလမ်းဖြစ်တယ်လို့ WHO က ပြောကြားထားကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

No comments:

Post a Comment