Thursday, May 9, 2019

ဗဟိုထိန်းချုပ်ရေးစင်တာမှ မီးပွိုင့်များကို စမ်းသပ်ထိန်းချုပ်မှု စတင်သည့်ရက်တွင် ယာဉ်ကြောကျပ်တည်းမှုသိသာစွာလျော့ကျခြင်း မရှိဟုဆို စမ်းသပ်ချိန်အတွင်း လျှပ်စစ်မီးပြတ်တောက်မှုကြောင့် မီးပွိုင့်အချို့ အချက်ပြစနစ်ချွတ်ယွင်းမှုရှိခဲ့

ဗဟိုထိန်းချုပ်ရေးစင် တာမှတစ်ဆင့် မီးပွိုင့်များကို စမ်း သပ်ထိန်းချုပ်မှုစတင်သည့်ပထမ ရက်တွင် ယာဉ်ကြောကျပ်တည်း မှုသိသာစွာ  လျော့ကျခြင်းမရှိ ကြောင်း ရန်ကုန်မြို့တွင်းယာဉ် မောင်းအချို့က ပြောသည်။ ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် ရှိ ဗဟိုမီးပွိုင့်ထိန်းချုပ်ရေးစင်တာ မှ ယမန်နေ့(မေလ ၈ ရက်)က ယာဉ်သွားလာမှုများသည့် နံနက် ၇ နာရီမှ ၁၀ နာရီ အထိနှင့်မွန်းလွဲ ၃နာရီမှ ည ၇ နာ ရီအထိ မီးပွိုင့် ၁၅၁ ခုကိုထိန်းချုပ်ခြင်းလုပ်ငန်း စမ်းသပ်ခဲ့ခြင်းဖြစ်သည်။



ထိုသို့စမ်းသပ်မှုလုပ်ဆောင် ချိန်အတွင်း ယာဉ်ကြော ကျပ် တည်းမှုသည် ယခင်ရက်များ နှင့်သိသာစွာကွာခြားမှုမရှိခဲ့ဟု ရန်ကုန်မြို့တွင်း အငှားယာဉ် မောင်းအချို့က ပြောသည်။

‘‘ဘာမှ ထွေထွေထူးထူး တော့မတွေ့ရဘူး။ ကျပ်နေကျ နေရာတွေက ကျပ်တာပဲ’’ ဟု အ ငှားယာဉ်မောင်း  ဦးနိုင်ဝင်းက ပြောသည်။

ဝိုင်ဘီအက်စ်(၃၇)ယာဉ် လိုင်းမှ ယာဉ်မောင်းတစ်ဦးက လည်း မီးပွိုင့်စမ်းသပ်ချိန်အတွင်း ကားလမ်းတစ်လျှောက် သိသာ သည့် ပြောင်းလဲမှုမတွေ့ရ ကြောင်းဆိုသည်။

အဆိုပါမီးပွိုင့်များကို ဗဟို ထိန်းချုပ်ရေးစင်တာမှနေ၍ စမ်း သပ်ထိန်းချုပ်စဉ် လျှပ်စစ်မီးပြတ် တောက်မှုကြောင့် မီးပွိုင့်အချို့ အချက်ပြစနစ်ချွတ်ယွင်းခဲ့ကြောင်း ယာဉ်မောင်းအချို့က ပြောသည်။

ထိုသို့မီးပွိုင့်အချက်ပြစနစ် ချွတ်ယွင်းသည့်နေရာများတွင် ယာဉ်ထိန်းရဲတပ်ဖွဲ့များက ယာဉ် ကြောကျပ်တည်းမှုမဖြစ်အောင် ရှင်းလင်းခဲ့ကြောင်း ၎င်းတို့ကဆို သည်။

‘‘မနက်ကဆိုရင် မြန်မာ ပလာဇာနားက မီးပွိုင့်က လေး ဖက်စလုံးနီနေလို့ ကားတွေဂျန်း ဖြစ်သွားသေးတယ်’’ ဟု အငှား ယာဉ်မောင်းကိုအောင်မျိုးက ပြောသည်။

သို့သော် အချို့လမ်းများ တွင် ကားသွားလာမှုရှင်းသည်ကို တွေ့ရပြီး မီးပွိုင့်စနစ်စမ်းသပ်မှု ကြောင့် ဟုတ်၊ မဟုတ်အတိအကျ မပြောနိုင်ကြောင်း ၎င်းကဆို သည်။

ထိုသို့မီးပွိုင့်စနစ်စမ်းသပ် သည့်ပထမရက်တွင် ရရှိသည့် ရလဒ်အခြေအနေနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး သယ်ယူ ပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA)သို့ ယ မန်နေ့ညနေက ဆက်သွယ်မေး မြန်းရာလတ်တလောဖြေကြား နိုင်ခြင်းမရှိသေးဟု ယင်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

‘‘ဓာတ်ပုံရိုက်ကူးခွင့်(ဗဟို ထိန်းချုပ်ရေးစင်တာအတွင်း) လည်း မပေးသေးပါဘူး။ ဖြေ ကြားလို့လည်း မရသေးပါဘူး’’ ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

လက်ရှိစမ်းသပ်နေသည့် စနစ်သည် မြို့တွင်းရှိ ယာဉ်ကြော ကျပ်တည်းမှုဖြေရှင်းရန် လက်ရှိ အသုံးပြုနေသည့် ခလုတ်နှိပ်မီး ပွိုင့်များအစား ရန်ကုန်တစ်မြို့လုံး ရှိ မီးပွိုင့်များကို ဆင်ဆာစနစ်သုံး မီးပွိုင့်များဖြင့် ပြောင်းလဲထားခြင်း ဖြစ်သည်။

အဆိုပါစမ်းသပ်မှုကို ယနေ့ (မေလ ၉ ရက်)တွင် ဆက်လက်ပြု လုပ်မည်ဟု YRTA က ကြေညာ ထားသည်။

ယင်းစနစ် အောင်မြင်စွာ ကျင့်သုံးနိုင်ပါက ရန်ကုန်မြို့ယာဉ် ကြောကျပ်တည်းမှုကို ၃၀ ရာခိုင် နှုန်းခန့်လျှော့ချနိုင်မည်ဟု YRTA က ခန့်မှန်းထားသည်။

အဆိုပါဗဟိုစင်တာမှနေ၍ မီးပွိုင့်များထိန်းချုပ်ခြင်းလုပ်ငန်း ကို တရုတ်အစိုးရပိုင် CRCC ကုမ္ပဏီနှင့်ဖက်စပ်လုပ်ကိုင်သည့် ရွှေယင်းကုမ္ပဏီက လုပ်ကိုင်ခွင့် ရရှိထားသည်။ ယခုစမ်းသပ်မှုများအဆင် ပြေအောင်မြင်ပါက ရန်ကုန်တိုင်း ဒေသကြီးအစိုးရက လွှဲပြောင်းရ ယူမည်ဟု YRTA အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ဆို သည်။

No comments:

Post a Comment