Thursday, May 9, 2019

‘ဧည့်သည်’ရုပ်ရှင်ကို အားပေးစေချင်တဲ့ နေခြည်ဦး

‘ဧည့်သည်’ရုပ်ရှင်ဇာတ် ကား မေလ ၃၀ ရက်တွင် ရုံတင် ပြသမည်ဖြစ်၍ ဝမ်းသာကြောင်း သရုပ်ဆောင် နေခြည်ဦးက ပြော သည်။ ယင်းဇာတ်ကားသည် ၎င်း ၏ ဒုတိယမြောက်ဇာတ်ကားဖြစ် သည်။ ‘‘ဧည့်သည်မှာကတော့ နေ ခြည်တို့ ရိုမန့်စ်ကိုမှ ဒရာမာပေါ့။ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်း လေးဆိုတော့ နေခြည်လုပ်ရတဲ့ ကာရိုက်တာကတော့ အရမ်းချစ် တဲ့ ကောင်မလေးတစ်ယောက်နေ ရာက သရုပ်ဆောင်ရတဲ့အတွက် နေခြည်ပြန်ကြည့်တဲ့အချိန်မှာ အ ရမ်းတော့ ဒရာမာများတယ်လို့ ထင်တယ်။ ဒါပေမဲ့ ရွှေမှုံရယ်၊ ရွှေထူးရဲ့ ကာရိုက်တာလေးတွေ က လူငယ်ကြားထဲမှာ ဂယက်ဖြစ် မယ့်ကားလို့လည်း ထင်ပါတယ်’’ ဟု ၎င်းက ပြောသည်။


‘ဧည့်သည်’ဇာတ်ကားကို ဒါရိုက်တာ ညွန့်မြန်မာညီညီ အောင်က ရိုက်ကူးပြီး သရုပ် ဆောင်များအနေဖြင့် ၎င်းအပါ အဝင် ရွှေထူးနှင့် ရွှေမှုံရတီအပြင် ဧည့်သည်သရုပ်ဆောင်အဖြစ် ဖြိုးငွေစိုး ပါဝင်သရုပ်ဆောင်ထား သည်။

‘‘ဇာတ်ကားလေး မရိုက်ခင် ကတည်းက ရွှေထူး၊ ရွှေမှုံ၊ ချီချီ ရိုက်တဲ့ကားလေးဆိုပြီး အရမ်း ပေါက်တယ်။ အခုတင်တော့မယ့် အချိန်မှာလည်း လူငယ်ပရိသတ် တွေ အများကြီးရဲ့ စိတ်ဝင်စားမှု ခံရမယ့်ကားလေးပါ။ ရိုမန့်စ်ဒရာ မာလေးပေါ့။ လူငယ်ကားလေးဆို တော့ ကြည့်စေချင်တယ်’’ဟု နေခြည်ဦးက ပြောသည်။

၎င်း၏ ပထမဇာတ်ကားဖြစ် သည့် ‘ရန်သူ’ဇာတ်ကားရုံတင်စဉ် က သမ္မတ ရုပ်ရှင်ရုံတစ်ရုံလုံး ငှားရမ်းကာ ပရိသတ်များနှင့်အတူ ကြည့်ဖြစ်ခဲ့သကဲ့သို့ ‘ဧည့်သည်’ဇာတ်ကားရုံတင်ရာတွင်လည်း ထိုသို့ စီစဉ်ပေးရန်ရှိကြောင်း ၎င်း က ပြောသည်။ လက်ရှိ အချစ်ရေးနှင့် ပတ် သက်ပြီး စိတ်ချမ်းသာစရာကောင်း သကဲ့သို့ ချစ်သူသက်တမ်း တစ်နှစ်ခွဲခန့်ရှိပြီဖြစ်ကြောင်း နေခြည်ဦး က ပြောသည်။

No comments:

Post a Comment