Thursday, May 9, 2019

အာဆီယံ ယူ-၁၅ အမျိုးသမီးပြိုင်ပွဲတွင် ရလဒ်ထက် အတွေ့အကြုံကို ဦးစားပေးမည်ဟု မြန်မာနည်းပြဆို

အသက် (၁၅) နှစ် အောက် အာဆီယံ အမျိုးသမီး ပြိုင်ပွဲဝင် မြန်မာယူ-၁၅ အမျိုး သမီး ဘောလုံးအသင်းအနေဖြင့်  ရလဒ်ပိုင်းထက် ပြိုင်ပွဲအတွေ့အ ကြုံကို ဦးစားပေး ယှဉ်ပြိုင်မည်ဖြစ် ကြောင်း နည်းပြချုပ်ဒေါ်မေသူ ထွန်းက ပြောသည်။ အသက် (၁၅) နှစ် အောက် အာဆီယံချန်ပီယံရှစ် အမျိုးသမီး ဘောလုံးပြိုင်ပွဲကို မေလ ၉ ရက်မှ  ၁၇ ရက်အထိ ထိုင်းနိုင်ငံ ချောင် ဘူရီမြို့တွင် ကျင်းပမည်ဖြစ်ပြီး မြန်မာယူ-၁၅ အမျိုးသမီးအသင်း သည် အုပ်စု (က) ၌ ဗီယက်နမ်၊  ဖိလစ်ပိုင်၊ တီမောအသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်နေ သည်။



အုပ်စု (ခ) တွင် အိမ်ရှင် ထိုင်း၊ လာအို၊ မလေးရှား၊ စင် ကာပူ၊ ကမ္ဘောဒီးယားအသင်းတို့ ယှဉ်ပြိုင်မည် ဖြစ်သည်။

‘‘ဒီပြိုင်ပွဲမှာ ၂၀၀၄ မွေးတဲ့ ကစားသမားတွေဖြစ်တဲ့ ဖြူဖြူ ဝင်း၊ မေသက်မွန်မြင့်၊ ဝေဖူးအိမ်  စတဲ့ ကစားသမားတွေ ဝင်ရောက် ယှဉ်ပြိုင်လို့ရပေမယ့် နည်းစနစ် ဒါရိုက်တာနဲ့ လူကြီးတွေက ၂၀၀၅၊ ၂၀၀၆၊ ၂၀၀၇ မွေးတဲ့  ကစားသမားတွေနဲ့ပဲ သွားရောက် ယှဉ်ပြိုင်ဖို့အတွက် ဆုံးဖြတ်ခဲ့ပါ တယ်။ အဓိက ဆုံးဖြတ်ရတဲ့ အ ကြောင်းကတော့ လူငယ်ကစား သမားတွေ ပိုမိုကစားခွင့်ရဖို့ပါ။ ချန်လှပ်ခဲ့တဲ့ ကလေးတွေက ယူ- ၁၆၊ ယူ-၁၉ စတဲ့အသင်းတွေမှာ  ဝင်ရောက် ယှဉ်ပြိုင်နိုင်မှာဖြစ်လို့ သူတို့ပြိုင်ပြီးတဲ့ ပြိုင်ပွဲတွေထက်  နိမ့်တဲ့ သက်တမ်းအလိုက်ပွဲတွေ မှာ ပြန်လည်မရွေးချယ်တော့တာ ပါ။ ရေရှည်အောင်မြင်ဖို့အတွက်  အသက် (၁၅) နှစ်ပြိုင်ပွဲတွေမှာ ရလဒ်ထက် ကစားသမားပေါ် ထွက်လာဖို့နဲ့ ကစားသမားတွေ  ပြိုင်ပွဲ အတွေ့အကြုံရဖို့ကို ဦး စားပေးသွားမှာပါ’’ ဟု ဒေါ်မေသူ ထွန်းက ပြောသည်။

မြန်မာ့လက်ရွေးစင် ယူ-၁၅ အမျိုးသမီးအသင်းသည် အာဆီ ယံပြိုင်ပွဲအတွက် မတ်လဆန်းက  စတင်လေ့ကျင့်ခဲ့ပြီး နည်းပြချုပ်အဖြစ် လက်ရွေးစင် ကစားသမားဟောင်း ဒေါ်မေသူထွန်းကတာဝန်ယူကိုင်တွယ်နေသည်။

မြန်မာယူ-၁၅ အမျိုးသမီး အသင်းသည် အာဆီယံပြိုင်ပွဲအ ကြို ပြင်ဆင်မှုအဖြစ် ပြည်တွင်း အမျိုးသမီး ကလပ်အသင်းများနှင့်  ခြေစမ်းပွဲများ ကစားပြီး မေလ ၄ ရက်က နောက်ဆုံးယှဉ်ပြိုင်သည့် ပွဲစဉ်တွင် ဇွဲကပင်အမျိုးသမီးအ သင်းကို ၅-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ သည်။

မြန်မာယူ-၁၅ အမျိုးသမီး အသင်းသည် အင်ဒိုနီးရှားနိုင်ငံ  တွင် ကျင်းပသည့် ၂၀၁၈ အာဆီ  ယံ ယူ-၁၅ အမျိုးသမီးဘောလုံး ပြိုင်ပွဲ၌ ဗိုလ်လုပွဲအဆင့် တက်  ရောက်နိုင်သော်လည်း ထိုင်းအ  သင်းကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်သဖြင့် ဒုတိယဖြင့်သာ ကျေနပ်ခဲ့ရသည်။ အသက် (၁၅) နှစ်အောက် အာဆီယံ ချန်ပီယံရှစ် အမျိုးသမီး  ဘောလုံးပြိုင်ပွဲကို ၂၀၀၉၊၂၀၁၇၊ ၂၀၁၈ တို့တွင် သုံးကြိမ်ကျင်းပဖူး ပြီး ထိုင်းအသင်းက နှစ်ကြိမ်၊ သြ စတြေးလျအသင်းက တစ်ကြိမ်  ဗိုလ်စွဲထားသည်။

No comments:

Post a Comment