Thursday, May 9, 2019

လာအိုနိုင်ငံသို့ မြန်မာအလုပ်သမား တရားဝင်စေလွှတ်ရန် စီစဉ်နေဟု အလုပ်သမားဝန်ကြီးပြော

လာအိုနိုင်ငံသို့ အလုပ် သမားတရားဝင်စေလွှတ်ရန် ဆွေးနွေးနေကြောင်း အလုပ်သမား၊လူ ဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးသိန်းဆွေကပြောသည်။ြ မန်မာအလုပ်သမားများကို လာအိုနိုင်ငံသို့ တရားဝင်သွား ရောက်လုပ်ကိုင်ခွင့်ပြုထားခြင်း မရှိသော်လည်း တရားမဝင်သွား ရောက်လုပ်ကိုင်မှုများ ရှိနေသော ကြောင့် နှစ်နိုင်ငံ MoU လက်မှတ် ရေးထိုး၍ တရားဝင်သွားရောက် လုပ်ကိုင်နိုင်ရန် စီစဉ်နေခြင်းဖြစ် ကြောင်း ပြည်ထောင်စုဝန်ကြီးက မေလ ၆ ရက်တွင် မြန်မာပြည်ပ အလုပ်အကိုင်ရှာဖွေရေး ဝန် ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ ချုပ်မှ တာဝန်ရှိသူများနှင့် တွေ့ ဆုံစဉ် ပြောကြားခြင်းဖြစ်သည်။
‘‘ဝန်ကြီးကတော့ လက်ရှိ ဆောင်ရွက်နေတဲ့ အခြေအနေကို ရှင်းပြတာပေါ့။ လာအိုမှာက တရုတ်စီးပွားရေးဇုန်ရှိတယ်။ အဲ ဒီမှာ လုပ်သားလိုအပ်ချက်တွေရှိ တော့ သွားလုပ်ကြတာ’’ဟု ယင်း တွေ့ဆုံပွဲသို့ တက်ရောက်သည့် အေဂျင်စီလုပ်ငန်းရှင် ဦးစိုင်းစည် သူက ပြောသည်။

လက်ရှိတွင် လာအိုနိုင်ငံသို့ တရားမဝင် သွားရောက်လုပ်ကိုင် နေသည့် မြန်မာအလုပ်သမား လေးသောင်းခန့်ရှိပြီး တရုတ်ပိုင် စက်ရုံ၊ အလုပ်ရုံများတွင် လုပ် ကိုင်နေကြောင်း အေဂျင်စီလုပ် ငန်းရှင်အချို့က ပြောသည်။

‘‘တရားဝင် ဘယ်လိုစေ လွှတ်ခွင့်ပေးမယ့် အသေးစိတ် တော့ မသိရသေးဘူး’’ဟု အလုပ် သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခုအခါ မြန်မာအလုပ် သမားများကို ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ကိုရီးယား၊ ဂျပန်၊ ယူ အေအီး၊မကာအို၊ဂျော်ဒန်နှင့် ကာတာကိုးနိုင်ငံသို့သာ တရားဝင်သွား ရောက်လုပ်ကိုင်ခွင့်ပြုထားသည်။ ယင်းကိုးနိုင်ငံသို့ လစဉ်သွား ရောက်လုပ်ကိုင်သည့် အလုပ် သမား ၂၀,၀၀၀ ကျော်ရှိကြောင်း အလုပ်သမားညွှန်ကြားရေးဦးစီး ဌာနစာရင်းများကဆိုသည်။

No comments:

Post a Comment