Thursday, May 9, 2019

မိုဘိုင်းဖုန်းတွေရဲ့စိုးမိုးမှုကို သရုပ်ပြတင်ဆက်တဲ့ တရုတ်ကျောင်းသားများ

နည်းပညာလောကသစ်ရဲ့ ကျေးကျွန်တွေ မဖြစ်ကြစေဖို့ရာ တရုတ်နိုင်ငံမြောက်ပိုင်းက ကျောင်းသားများဟာ မျက်နှာဖုံးများဝတ်ဆင်ပြီး သရုပ်ပြ ပါဖောမန့် ပြုလုပ်ခဲ့ကြပါသတဲ့။ ကျောင်းသားများဟာ မိုဘိုင်းလ်ဖုန်းပုံစံများ ဝတ်ဆင်ပြီး စီတန်းလမ်းလျှောက် လူအများကို သတိပေးခဲ့တာ ဖြစ်ပါတယ်။ မိုဘိုင်းဖုန်းကို ပွတ်နေတဲ့အချိန်ကိုလျှော့ကာ ဘဝနဲ့ မိသားစုကို အချိန်ပေးကြနိုင်ဖို့အတွက် ကျောင်းသားများနဲ့ မိဘများကို ပညာပေးတာဖြစ်တယ်လို့ ရည်ရွယ်ချက်ကို ကျောင်းအုပ်ကြီးက ရှင်းပြပါတယ်။ ကျောင်းသားများရဲ့ တင်ဆက်သရုပ်ပြမှု အနုပညာကို အများပြည်သူက ချီးကျူးကြပါတယ်။
တီထွင်ဖန်တီးမှု သိပ်ကောင်းတယ်လို့ ပြည်သူများက ယူဆကြပါတယ်ဟု ကျောင်းအုပ်ကြီးက ဆိုပါတယ်။ ဗီဒီယိုထဲမှာတော့ ကျောင်းသူကျောင်းသားများဟာစီတန်းပြီး ဈေးဝယ်စင်တာထဲမှာ ဖြတ်သွားတာ ဖြစ်ပါတယ်။ ကျောင်းသူများက တရုတ်ရိုးရာဝတ်စုံ ဝတ်ဆင်ထားပြီး ကောင်လေးများက တီရှပ်အဖြူနဲ့ အနက်ရောင် ဘောင်းဘီများ ဆင်မြန်းထားပါတယ်။

“လူတွေ အတော်များများဟာ မိုဘိုင်းဖုန်းနဲ့ တွဲလျက်ဖြစ်နေကြပြီ။ ဒါတွေကို သင့်လျော်စွာ အသုံးချဖို့အတွက် ကျွန်တော်တို့ ဆောင်ရွက်သင့်တယ်” ဟုလူမှုကွန်ရက်အသုံးပြုသူတစ်ဦးကဆိုပါတယ်။

No comments:

Post a Comment