Thursday, May 9, 2019

ဘင်္ဂါလီများအတွက် ကမ္ဘာ့ဘဏ်က ကန်ဒေါ်လာ ၁၆၅ သန်းထောက်ပံ့

ဘင်္ဂါလီ(မူရင်းတွင် ရို ဟင်ဂျာ)များအတွက် အခြေခံဝန် ဆောင်မှုများ၊ လူမှုဘ၀နှင့် ဘေး အန္တရာယ်ဒဏ်ခံအဆောက်အအုံ များတည်ဆောက်ပေးရန် ဒေါ် လာ ၁၆၅ သန်းထောက်ပံ့မည့် သဘောတူညီချက်ကို ဘင်္ဂလား ဒေ့ရှ်အစိုးရနှင့် ကမ္ဘာ့ဘဏ် အကြား ယမန်နေ့(မေလ ၈ ရက်)တွင် လက်မှတ်ရေးထိုးသည်။ အရေးပေါ်ဘက်စုံဘင်္ဂါလီ အကျပ်အတည်းတုံ့ပြန်ရေးစီမံ ကိန်းသည် ဒုက္ခသည်စခန်းများ အတွင်းနှင့် ပတ်ဝန်းကျင်တွင် ဘက်စုံသုံးဘေးအန္တရာယ်ဒဏ်ခံ အဆောက်အအုံ ၅၃ ခု တည် ဆောက်မည်ဖြစ်ပြီး ကီလိုမီတာ ၂၀၀ ကျော်လမ်းခင်းခြင်း၊ လူ နှစ်သိန်းခန့်ကို လွှမ်းခြုံသည့် မိလ္လာစနစ်၊  ရေပေးဝေခြင်းနှင့် ဆိုလာလမ်းမီး ၁,၅၀၀ တပ်ဆင် ပေးခြင်းစသည့်ဝန်ဆောင်မှုများ ပါဝင်သည်။
‘‘ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ပြည်သူတွေက ဘင်္ဂါလီ(မူရင်း တွင်ရိုဟင်ဂျာ)ဒုက္ခသည်တစ် သန်းလောက်အတွက် နားခိုစရာ ရက်ရက်ရောရောပေးထားပေ မယ့် ဒုက္ခသည်တွေအတွက်ရော ဌာနလူမှုအဖွဲ့အစည်းအတွက်  လိုအပ်ချက်က ကြီးမားလွန်းပါ တယ်’’ ဟု ဘင်္ဂလားဒေ့ရှ်နှင့် ဘူ တန်ဆိုင်ရာ ကမ္ဘာ့ဘဏ်ဒါရိုက် တာဒန်ဒန်ချန်းက ပြောသည်။

အထက်ပါစီမံကိန်းသည် အ ရေးပေါ်တုံ့ပြန်ရေးဝန်ဆောင်မှု များကို အားဖြည့်ပေးမည်ဖြစ်ပြီး လူမှုအသိုင်းအ၀ိုင်းအလုပ်များနှင့် ၀န်ဆောင်မှုများ  ထောက်ပံ့ပေး ရန်၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက် မှုများကို တားဆီးကာကွယ်ပေး ရန်ရည်ရွယ်ထောက်ပံ့ကြောင်း ကမ္ဘာ့ဘဏ်ထုတ်ပြန်ချက်၌ ဖော် ပြသည်။

၂၀၁၈ ဇွန်လတွင် ကြေညာ ခဲ့သော ကမ္ဘာ့ဘဏ်၏ ကန်ဒေါ် လာဘီလီယံ  ထက်ဝက်ခန့် ထောက်ပံ့မည့်အစီအစဉ်များထဲမှ တတိယအကြိမ် ကူညီထောက်ပံ့ ခြင်းဖြစ်သည်။ အစောပိုင်းကလည်း ကမ္ဘာ့ ဘဏ်သည် ဘင်္ဂါလီများ၏ ကျန်း မာရေးနှင့် ပညာရေးကဏ္ဍအ တွက် ကနေဒါကထောက်ပံ့သော ကန်ဒေါ်လာ ၁၃ သန်းအပါအ၀င် ဒေါ်လာ ၇၅ သန်း ကူညီမည်ဟု ကတိပြုခဲ့သည်။

No comments:

Post a Comment