Thursday, May 9, 2019

ရွှေဘိုအကျဉ်းထောင်ဆူပူမှု ထိန်းချုပ်နိုင်ပြီဟု စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ပြော

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုအကျဉ်းထောင်တွင် အကျဉ်းသားများ ဆူပူနေမှုကို ထိန်းချုပ်နိုင်ပြီဖြစ်ပြီး ပျက်စီးဆုံးရှုံးမှုများကြောင်း စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က အကုန်သိသတင်းဌာနသို့ မေလ ၉ ရက် ညနေပိုင်းက ပြောကြားသည်။ နိုင်ငံတော်သမ္မတလွှတ်ငြိမ်းသက်သာခွင့်နှင့် ပတ်သက်ပြီး အကျဉ်းသူအကျဉ်းသားများက မေလ ၈ ရက် ညပိုင်းနှင့် မေလ ၉ ရက် နံနက်ပိုင်းတို့တွင် ဆူပူမှုများဖြစ်ပွားခဲ့ပြီး ရပ်တပ်ဖွဲ့ဝင်များနှင့် အကျဉ်းဦးစီးဌာနမှ ထိန်းသိမ်းခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန် ထိအကျဉ်းသား ၄ ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း ၀န်ကြီးချုပ်၏ ပြောကြားချက်အရ သိရသည်။

 “ အကုန်လုံး တိုက်ထဲကို ပြန်ထည့်ပြီးသွားပြီ။ ထိန်းနိုင်သွားပြီ။လေးယောက် သေဆုံးတယ်။ နောက်ထပ် ဒဏ်ရာရသူမရှိဘူး။ အပျက်အ ဆီး အဆုံးရှုံးတွေက တော်တော်များတယ်။ သူတို့ဖျက်ဆီးတယ်။ မင်းမဲ့စရိုက်ဆန် ဆန်ဖြစ်သွားတယ်။ အခုတော့ ထိန်း နိုင်သွားပြီ။ ဝန်ကြီးချုပ်ကိုယ်တိုင် အဆောင်တွေအကုန်လုံး ပတ်ကြည့်ပြီး သွားပြီ။ မီဒီယာတွေကိုလည်း ထိန်းနိုင်သွားပြီဆိုတာကို ပြလိုက်ပါပြီ” ဟု ဒေါက်တာမြင့်နိုင် ကပြောသည်။

တပ်မတော်မှ ဝင်ရောက်ထိန်းသိမ်းနေရမှုနှင့်ပတ်သက်ပြီး လိုအပ်လာပါ ထောင်ပတ်လည်တွင် လုံခြုံရေးယူရန်သာထားရှိပြီး ထောင်ထဲသို့မဝင်ရကြောင်းနှင့် ရဲနှင့် အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူများသာ ထောင်ထဲသို့ဝင်ရောက်ပြီး လုံခြုံရေးဆောင်ရွက်ခဲ့ကြောင်း ၎င်းကပြောသည်။

နိုင်ငံတော်သမ္မတလွှတ်ငြိမ်းသက်သာနှင့်ပတ်သက်ပြီး ဧပြီလ၁၇ရက်က ၉၅၃၅ဦး၊ ဧပြီလ ၂၆ရက်က ၆၉၄၈ဦးနှင့် မေလ ၇ရက်က ၆၅၂ ၀ ဦးစုစုပေါင်း ၂၃၀၀၃ ဦးကို အကျဉ်းထောင်အသီးသီးမှ လွှတ်ပေးလိုက်ကြောင်း သိရသည်။

အကျဉ်းသားများ လွှတ်ပေးပြီးနောက်ပိုင်းတွင် ရွှေဘိုထောင်၊ ကလေးထောင်၊ ဘားအံထောင်၊ မုံရွာထောင်၊ မြစ်ကြီးနားထောင်၊ သာ ယာဝတီထောင်၊ ပုသိမ်ထောင်တို့တွင် ဆူပူမှုများ ဖြစ်ပွားခဲ့ပြီး ရွှေဘိုထောင်ဆူပူမှုတွင် အကျဉ်းသား ၄ ဦးသေဆုံးခဲ့ခြင်း ဖြစ်သည်။
ရွှေဘိုထောင်အတွင်း ဆူပူမှုများကို မျက်ရည်ယိုဗုံးပစ်၍ ဖြိုခွင်းနေပြီး လတ်တလောအချိန်ထိ ထောင်ဆူပူမှုအား ထိန်းနိုင်ခြင်း မရှိသေးပေ။
ထောင်ဆူပူမှုကို လာရောက်ဖြေရှင်းသည့် တိုင်းဒေသကြီး ဝန်ကြီးချုပ် ပြန်လည်ထွက်ခွာအပြီး မျက်ရည်ယိုများဖြင့် လူစုခွဲခဲ့ချင်း ဖြစ်ပြီး ယင်းထောင်ဆူပူမှုတွင် လူ ၄ ဦးသေဆုံးခဲ့ပြီး လူ ၂၀ ထက်မနည်း ဒဏ်ရာ ရရှိခဲ့သည်။
မေလ ၈ ရက်နေ့ မနေ့မနက်ခင်းပိုင်းမှ စတင်၍ စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် မော်လိုက်ကလေးထောင်ဆူပူမှုမှ စတင်ခဲ့ပြီး ထပ်မံဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

No comments:

Post a Comment