Thursday, May 9, 2019

မြန်မာနိုင်ငံအထက်ပိုင်း၌ မိုးမရွာမချင်း လျှပ်စစ်မီးပြတ်တောက်နေဦးမည် ကြေညာထားသည့်အတိုင်းမဟုတ်သော ဓာတ်အားပြတ်တောက်မှုများလည်း ရှိလာနိုင်

ရေအားလျှပ်စစ်ထုတ် လုပ်သည့်စက်ရုံများရှိရာ မြန်မာ နိုင်ငံအထက်ပိုင်းတွင် မိုးရွာသွန်း မှုမရှိခြင်းကြောင့် ရန်ကုန်တိုင်းဒေ သကြီး၌ တစ်ရက်လျှင်အနည်းဆုံး လေးနာရီမှ ခြောက်နာရီကြာ လျှပ်စစ်မီးပြတ်တောက်နေသည် ဟု ရန်ကုန်မြို့တော်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေး ရှင်း(YESC)က သတင်းထုတ်ပြန် ထားသည်။ လူနေရပ်ကွက်များကို A,B, C,D ဟူ၍ အုပ်စုလေးခုဖွဲ့ကာ တစ်ရက်လျှင် အနည်းဆုံးနှစ်ကြိမ် မှ သုံးကြိမ်အလှည့်ကျ ဓာတ်အား ဖြတ်တောက်မည်ဖြစ်ပြီး တစ် ကြိမ်လျှင် နှစ်နာရီကြာမြင့်မည် ဟု YESC ကဆိုသည်။



မိုးရွာသွန်းမှုမရှိခြင်းကြောင့် ရေအားလျှပ်စစ်စက်ရုံများတွင် ဓာတ်အားထုတ်လုပ်မှု ဆက် လက်လျော့ကျနေသဖြင့် ရန်ကုန် တိုင်းရှိ လူနေရပ်ကွက်များ အလှည့်ကျဝန်အား လျှော့ချ ရခြင်းဖြစ်သည်ဟု မေလ ၇ ရက် တွင် YESC က ကြေညာထား သည်။

‘‘မြန်မာပြည်အထက်ပိုင်း မှာ မိုးတွေရွာပြီး ဆည်တွေထဲကို ရေအပြည့်မဟုတ်တောင် နိုင်နင်း တဲ့အထိ ရေတွေဝင်ရင်အဆင်ပြေ မယ်။ ပုံမှန်ဇွန်လဆန်းမှာ ရေပြန် ပြည့်လေ့ရှိပါတယ်။ ရေမရှိလို့ပါ။ ရေရှိရင် စက်တွေက အပြည့် လည်ပါတယ်’’ ဟု ရန်ကုန်မြို့ တော် လျှပ်စစ်ဓာတ်အားပေး ရေးကော်ပိုရေးရှင်း အထွေထွေ မန်နေဂျာ ဦးတင်အောင်က ပြော သည်။

ထို့ကြောင့် အလှည့်ကျဓာတ် အားပြတ်တောက်မှုစနစ်ကို မေ လကုန်အထိ လုပ်ဆောင်ရန်ရှိပြီး အခြေအနေမှာ မိုးရွာ၊ မရွာပေါ် မူတည်သည်ဟု ဦးတင်အောင်က ပြောသည်။

ထို့အတူ အလှည့်ကျလျှပ် စစ်မီးပြတ်တောက်မည်ဟု ကြေ ညာထားသော်လည်း အစီအစဉ် အတိုင်းမဟုတ်သည့် ပြတ် တောက်မှုများလည်းရှိနိုင်သည် ဟု ၎င်းကဆိုသည်။ ထိုသို့ဖြစ်နိုင် ရန် အချက်သုံးချက်ရှိသည်ဟုဆို သည်။

၎င်းတို့မှာ သတ်မှတ်ထား သည့် အစီအစဉ်အတိုင်း ၀န်အား လျှော့ချရန် မလုံလောက်၍ ထပ် မံလျှော့ချရန် ရုတ်တရက်လိုအပ် လာခြင်း၊ လျှပ်စစ်မီးပြန်လာချိန် တွင် လျှပ်စစ်ပစ္စည်းများ စုပြုံအ သုံးပြုခြင်းကြောင့် ၀န်အားမနိုင်၍ စနစ်မှ အလိုအလျောက်ဖြတ် တောက်ခြင်း၊ ရာသီဥတုနှင့် လေ ပြင်း တိုက်ခတ်ခြင်းကြောင့် ဖြစ်သည်ဟုဆိုသည်။

‘‘အခုရက်ပိုင်း အပူလျော့ လာလို့ နေ့ခင်းမှာ မီးပြတ်တာခံ သာပေမယ့် ညဘက်မီးပြတ်တာ တော့ တော်တော်ဆိုးပါတယ်။ အ စိုးရဘက်မှာလည်း အခက်အခဲရှိ တယ်ဆိုတာလည်း သိပါတယ်။ ဒါပေမဲ့ ပြတ်မယ့်အချိန်၊ လာမယ့် အချိန်လေးသိရရင် မှန်းဆပြီးလုပ် လို့ရတယ်’’ ဟု တောင်ဥက္ကလာပ မြို့နယ်နေ ဦးမင်းထက်က ပြော ကြားသည်။ စက်မှုဇုန်များကိုမူ အုပ်စု Z အဖြစ်သတ်မှတ်၍ ညနေ ၄ နာရီ မှ ည ၁၀ နာရီအထိ ဓာတ်အား ဖြတ်တောက်နေသည်ဟု YESC  ကဆိုသည်။

No comments:

Post a Comment