Thursday, May 9, 2019

ဟယ်ရီနဲ့ မီဂန်တို့ရဲ့ သားဦးလေးအမည်ဟာ ထူးခြားနေ

ဗြိတိန် တော်ဝင်မင်းသား ဟယ်ရီနဲ့ ဇနီးဖြစ်သူ မီဂန် မာကယ်လ်တို့က သားဦးလေးကို အာချီလို့ နာမည်ပေးလိုက်ကြောင်း ကြေညာသွားပါတယ်။ေ မလ ၆ ရက်က ဖွားမြင်တဲ့ တော်ဝင် ရင်သွေးလေးရဲ့ နာမည် အပြည့်အစုံက အာချီ ဟယ်ရစ်ဆန် မောင့်ဘက်တန် ဝင်ဆာ ဖြစ်တယ်လို့ ဆက်ဆက်စ် တော်ဝင် မိသားစုရဲ့ Instagram စာမျက်နှာမှာ ရေးသား ဖော်ပြထားပါတယ်။ ဆက်ဆက်စ် နယ်စားနဲ့ နယ်စားကတော်တို့ဟာ ဝင်ဆာ နန်းတော်ဆီ သူတို့ရဲ့ ရင်သွေးလေးကို ခေါ်ဆောင်လာပြီး ဘုရင်မကြီးကို မိတ်ဆက် ပြသခဲ့ကြောင်း၊ ဒီလို ကြည်နူးစရာ အခိုက်အတန့်မှာ ဘုရင်မကြီးရဲ့ ကြင်ရာတော် အီဒင်ဘာ့ဂ် နယ်စားကြီးနဲ့ မီဂန်ရဲ့ မိခင် ဖြစ်သူတို့လည်း အတူ ရှိနေခဲ့ကြောင်း သိရပါတယ်။


ဟယ်ရီက သူ့ရဲ့ သားလေးအတွက် နာမည် ရွေးချယ်ခဲ့ပုံက ထူးခြားနေပါတယ်။ ဟယ်ရီရဲ့ အစ်ကိုဖြစ်သူ ဝီလျံတုန်းကဆိုရင် သူ့ရဲ့ ကလေးတွေအတွက် အရင် တော်ဝင် မိသားစုဝင်တွေရဲ့ နာမည်တွေကို ဆက်ခံ မှည့်ခေါ်စေခဲ့ပါတယ်။

အာချီ ဆိုတာက အရင် ဗြိတိန် တော်ဝင် မျိုးရိုးတွေမှာ လုံးဝ မရှိခဲ့ဖူးသေးတဲ့ နာမည် တစ်ခုလို့ ဆိုပါတယ်။ ဒါ့အပြင် ကလေးရဲ့ နာမည်ကို ဖော်ပြတဲ့ ကြေညာချက်မှာ မင်းသားလေး ဆိုတဲ့ အသုံးအနှုန်းကိုတောင် ထည့်သွင်းမထားတာ တွေ့ရပါတယ်။

ဟယ်ရီနဲ့ မီဂန်တို့ဟာ ဒီနာမည်ကို ဘာကြောင့် ရွေးချယ်ခဲ့သလဲ ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။ အခုအခါမှာတော့ ဟယ်ရီရဲ့ ကလေးကို ဘယ်လိုနာမည် ပေးမလဲ ဆိုတဲ့အပေါ် လောင်းကြေး ဖွင့်ထားတဲ့ အလေးပေးမှုတွေကိုလည်း ပိတ်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။

လောင်းကစားဒိုင်တွေရဲ့ အဆိုအရ လူအများရဲ့ ခန့်မှန်းမှုမှာ အလက်ဇန္ဒားဆိုတဲ့ နာမည်က လူကြိုက်အများဆုံး ဖြစ်ခဲ့ပြီး စပန်ဆာ၊ ဂျိမ်းစ်၊ အာသာနဲ့ သီအိုဒိုဆိုတဲ့ နာမည်တွေကိုလည်း ထင်ကြေးပေးသူ များပြားခဲ့ကြောင်း သိရပါတယ်။

No comments:

Post a Comment