Thursday, May 9, 2019

ရွှေဘို​ထောင်​ အကျဉ်းသား ဆူပူမှု​ဖြစ်​စဉ်တွင် အကျဉ်းထောင်အတွင်း အခြေအနေကို Facebook Liveလွှင့်

စစ်​ကိုင်းတိုင်း​ဒေသကြီးရှိ ​ရွှေဘိုအကျဉ်း​ထောင်​အတွင်း ​မေ ၈ရက်​ ည ၇နာရီခန့်​မှစ၍ အကျဉ်းသားဆူပူမှုဖြစ်​ပွားခဲ့ရာတွင် ​ရွှေဘိုအကျဉ်း​ထောင်​အတွင်းမှ Facebook တိုက်ရိုက် Live လွှင့်ခဲ့သည်ကို တွေ့ ရသည်။ Kyal Zin အမည်​ရသည့် ​Facebook အ​ကောင့်​မှ Live လွှင့်ကာရွှေဘိုသတင်းပုံရိပ်များဂရုထဲသို့  Shareခဲ့ခြင်းဖြစ်သည်။ အဆိုပါ ​ရွှေဘိုအကျဉ်း​ထောင်​အတွင်းဆူပူမှု့ အခြေအနေ ဗီဒီယိုဖိုင်မှာ လူမှုကွန်​ရက်​တွင်​လည်း ပျံ့နှံနေပြီးအကျဉ်ထောင်များ၏ လုံခြုံရေးနှင့် စည်းကမ်းပိုင်းဆိုင်ရာကို မေးခွန်းထုတ်မှု့ များလည်း ရှိနေသည်။



ဗီဒီယိုရိုက်​ကူးကာ Facebook မှ Live လွှင့်ခဲ့သူကမူ ​သေနတ်​ပစ်​ခတ်​မှု​ကြောင့်​ အကျဉ်းသား သေဆုံးခဲ့ပြီးဒဏ်​ရာရသူများလည်းရှိကြောင်း၊ မိုး​အောင်​ရင်​ကဲ့သို့ လွတ်​​မြောက်​လို၍ ဆန္ဒပြခြင်းသာဖြစ်​​ကြောင်း ​ပြောဆိုထားသည်​ကိုတွေ့ ရသည်။

၂၀၁၉ အတွင်း နိုင်ငံတော်သမ္မတက လွှတ်ငြိမ်းချမ်းသာခွင့်ဖြင့်အကျဉ်းသားများကို ခြွင်းချက်မထားဘဲ ပြန်လွှတ်ပေးခဲ့သည့်အကြိမ်ရေမှာ ၃ ကြိမ်ရှိသွားပြီဖြစ်သလို အကျဉ်းထောင်များတွင်လည်း ထောင်ဆူပူမှု့ များဖြစ်ပေါ်လာသည်။ ဧပြီလ ၂၂ရက်​က ရွှေဘိုထောင်မှအကျဉ်းသားများ၏ဆန္ဒပြ​မှုကြောင့်​ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်​ကအကျဉ်းသားများနှင့်သွားရောက်တွေ့ဆုံ​ဆွေး​နွေးခဲ့ရသလိုမေ ၈ရက်​ နံနက်​ပိုင်းကလည်း ဘားအံအကျဉ်း​ထောင်နှင့်​ မော်လိုက်အကျဉ်းထောင်များတွင် ထောင်ဆူပူမှုများဖြစ်ပေါ်ခဲ့သည်​။

No comments:

Post a Comment