Thursday, May 9, 2019

ချေးငွေအာမခံဝယ်ယူထားသော အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ အာမခံပစ္စည်းမပါဘဲ ငွေချေးနိုင်

 မြန်မာ့အာမခံလုပ်ငန်း တွင် ချေးငွေအာမခံဝယ်ယူထား သော အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း များ အာမခံပစ္စည်းမပါဘဲ ချေးငွေ ကျပ်သိန်း ၂၀၀ အထိ ချေးယူနိုင် ကြောင်း မြန်မာ့စီးပွားရေးဘဏ် က မေလ ၈ ရက်၌ ထုတ်ပြန် ကြေညာသည်။ အဆိုပါချေးငွေသည် ဂျပန် အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ (JICA) ၏ နှစ်ဆင့်ထုတ်ချေးငွေဖြစ်ပြီး အာမခံထားနိုင်ပါက အများဆုံး ကျပ်သိန်း ၅,၀၀၀၊ အာမခံမပေး နိုင်ခြင်းနှင့် လုံလောက်စွာမပေး နိုင်ခြင်းရှိပါက အထက်ပါစနစ် အတိုင်း ဆောင်ရွက်နိုင်သည်ဟု ဆိုသည်။



ချေးငွေအာမခံ (Credit Guarantee Insurance-CGI) ဆိုသည်မှာ ချေးငွေအတွက် အာ မခံကုမ္ပဏီက အာမခံထုတ်ပေး ခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် CGI ကို နိုင်ငံတော်ပိုင်မြန်မာ့ အာမခံလုပ်ငန်းက လုပ်ကိုင်နေ သည်။ ချေးငွေအာမခံစနစ်ဖြင့် ချေးယူပါက အတိုးနှုန်း ၉ ရာခိုင် နှုန်းမှ ၁၃ ရာခိုင်နှုန်းအထိ ဖြစ်ပြီး အာမခံပစ္စည်းမပေးနိုင်ပါက ပရီ မီယံကြေး ၃ ရာခိုင်နှုန်းနှင့်အာမခံ ပစ္စည်းလုံလောက်စွာ မပေးနိုင်ပါ က ၂ ရာခိုင်နှုန်းဖြစ်သည်ဟု အ ဆိုပါဘဏ်ကဆိုထားသည်။ ကာ လလတ်ချေးငွေအဖြစ် သုံးနှစ်မှ ငါးနှစ်အထိ ချေးယူနိုင်သည်ဟု ဆိုသည်။

အဆိုပါချေးငွေကို လုပ်ငန်း ရှင်များက ထုတ်ချေးငွေ၏ ၈၀ ရာခိုင်နှုန်းကို ပုံသေရင်းနှီးငွေအ ဖြစ်လည်းကောင်း၊ အများဆုံး ၂၀ ရာခိုင်နှုန်းကို လှည့်လည်ရင်း နှီးငွေအဖြစ်လည်းကောင်း အသုံးပြုရမည်ဖြစ်သည်။ ပုံသေရင်းနှီးငွေကို စက်ရုံ၊ အလုပ်ရုံများဆောက်လုပ်ခြင်း၊ စက်ပစ္စည်း၊ စက်ကိရိယာများ ၀ယ်ယူခြင်းစသည့် ပုံသေပိုင်ပစ္စည်းများတွင် ရင်းနှီးမြှုပ်နှံရမည်ဖြစ်ပြီး မြေ၀ယ်ယူခြင်းနှင့် မြေအသုံးပြုမှုဆိုင်ရာ မူပိုင်ခွင့်ဆောင်ရွက်ရာ၌ ရင်းနှီးခွင့်မပြုဟုဆို ထားသည်။ အဆိုပါ ချေးငွေအတွက် ၂၀၁၈ စက်တင်ဘာကစတင် ထုတ်ချေးခြင်းဖြစ်သည်ဟု မြန်မာ့ စီးပွားရေးဘဏ်က ဆိုသည်။

No comments:

Post a Comment