Thursday, May 9, 2019

ပြည်တွင်းဈေးကွက်တွင် သုံးနှစ်အတွင်းဆန်ကြမ်းဈေးနှုန်း အနိမ့်ဆုံးသို့ရောက်ရှိ

 ပြည်တွင်းဈေးကွက်တွင် ဆန်ကြမ်းဈေးနှုန်း သုံးနှစ်အတွင်း အနိမ့်ဆုံးအခြေအနေသို့ ရောက်ရှိလာသည်ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် တွဲဖက်အတွင်းရေး မှူး ဦးနေလင်းက ပြောသည်။ြ ပည်ပတင်ပို့သည့် ၂၅ မှတ် ဆန်တစ်အိတ်တန်ဖိုး ၃၀ ရာခိုင် နှုန်းခန့် ကျဆင်းသည့်အခြေအနေ ကို ရန်ကုန်ဈေးကွက်တွင် ကြုံ တွေ့ရသည်ဟု ၎င်းက ဆိုသည်။ ၂၅ မှတ် ဆန်ကြမ်းတစ်အိတ်ဈေးနှုန်းက ကျပ် ၁၉,၀၀၀ ခန့်မှ ကျပ်၁၆,၅၀၀ သို့ ကျဆင်းခြင်းဖြစ် သည်။

စိုက်ပျိုးမြေဧက သုံးသန်း ကျော်က ထုတ်လုပ်သည့် ဆန်များ လက်ရှိ ရန်ကုန်ဈေးကွက် ဈေးနှုန်းက လယ်သမားများကို စိတ်ပျက်စေသည်ဟု ပဲခူးတိုင်းအရှေ့ခြမ်း မှ လယ်ဧက ၆၀ ကျော် နွေစပါး စိုက်ပျိုးထားသော လယ်သမား ဦးဝိုင်းက ပြောသည်။

ပြည်တွင်းဆန်ဈေး ကျဆင်း မှုကို ဆန်ကုန်သည်များနှင့် လယ် သမားများက တရုတ်နယ်စပ်မှ ဆန်တင်ပို့ခွင့်မရခြင်း တစ်ခု တည်းကိုသာ လက်ညှိုးထိုးနေ သည်။ ‘‘တရုတ်အဝယ်မရှိလို့ ပြည်တွင်းဆန်ဈေးကျတာပေါ့’’ ဟု ဦးနေလင်းက ပြောသည်။

နွေစပါးပေါ်ချိန် စပါးဈေး ကျဆင်းမှုကို အစိုးရနှင့် သက် ဆိုင်ရာဝန်ကြီးဌာနများသို့ အကြိမ်ကြိမ်စာပို့ခြင်း၊ တွေ့ဆုံတင်ပြ ခြင်းတို့ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်က ဆောင်ရွက်နေ ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်ကပြောသည်။

‘‘အသင်းချုပ်အနေနဲ့ ဝယ် လိုအားမြင့်တက်စေမယ့် နည်း လမ်းမျိုးစုံအပေါ် ကြိုးစားနေ လျက်ပါပဲ’’ဟု ဦးရဲမင်းအောင်က ဆိုသည်။

သို့သော် လယ်ယာဖွံ့ဖြိုးရေး ဘဏ်မှ ချေးယူထားသော ချေး ငွေများ အလျင်အမြန်ပြန်လည် ပေးဆပ်နိုင်ရန် လယ်သမားများ က နွေစပါးကို တွန်းရောင်းနေ ခြင်းက ဈေးနှိမ်ခံရသည့် အခြေ အနေ ကြုံတွေ့နေရသည်ဟု ၎င်း က ဆိုသည်။

လက်ရှိ အခြေအနေ ကျော် လွှားနိုင်ရေး တရုတ်နိုင်ငံသာမက မည်သည့်နိုင်ငံမဆို ဆန်သားသီး သန့်သာမက လုံးတီးဆန်၊ ကုန်ကြမ်းစပါးဝယ်ယူရန် တရားဝင် ကမ်းလှမ်းမှုရှိပါက အသင်းချုပ် က စိစစ်သုံးသပ်ပြီး ခွင့်ပြုမည်ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် ဆန်ထုတ် လုပ်မှု နှစ်စဉ် တန်ချိန် ၁၄ သန်းခန့်ရှိပြီး ပိုလျှံဆန်တန်ချိန် လေး သန်းခန့်ရှိသည်။ ၂၀၁၈ ဧပြီမှ၂၀၁၉ မတ်လအထိ ပြည်ပဆန်တင်ပို့မှု တန်ချိန်နှစ်သန်းခွဲခန့်သာ တင်ပို့နိုင်သည်။ ထို့ကြောင့် ပြည်တွင်း၌ ဆန်တန်ချိန် လက်ကျန် တစ်သန်းကျော် ကျန်ရှိနေသည်။

ထိုအချိန်တွင် ၁၀ စုနှစ်တစ် ခုအတွင်း တစ်ဟုန်ထိုး ဝယ်လို အားတက်လာသည့် တရုတ်နိုင်ငံ သည် ၂၀၁၈ အောက်တိုဘာက စတင်ပြီး နယ်စပ်မှ ဆန်တင်သွင်းမှုကို တားမြစ်ထားသည်။ ထိုအခြေအနေကြောင့် ခုနစ်လအတွင်း မူဆယ်မြို့၌ ဆန်တန်ချိန် ခြောက် သောင်းကျော် ပိတ်မိနေသည်။

အခြေအနေကို ဖြေရှင်းရန် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် က ကြိုးစားနေပြီး ကုန်ပစ္စည်း ဖလှယ်သည့်စနစ်ဖြင့် နယ်စပ်မှ ဆန်တင်ပို့ရေးလည်း စီစဉ်နေ သည်။

ထို့အပြင် တရားဝင်ခွဲတမ်း ရရှိထားသော ဆန်တန်ချိန်တစ် သိန်း ရောင်းချနိုင်ရေး ကြိုးပမ်းနေ သည်။

တရုတ်ကို ဆန်ရောင်းချရန် မြန်မာကုမ္ပဏီ ၇၀ ကျော်က မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ကို စာရင်းပေးထားသည်။ ဆန် ရောင်းချလိုသည့် ကုမ္ပဏီများနေ ခြင်းက တရုတ်နိုင်ငံနှင့် ညှိနှိုင်း ရေး အခက်အခဲရှိနေသည်ဟု အ သင်းတာဝန်ရှိသူအချို့က ပြော သည်။ ထို့ကြောင့် အသင်းချုပ်က ကုမ္ပဏီ ၂၀ ခန့်အထိ လျှော့ချရန် ဆန္ဒရှိသော်လည်း တင်ပို့လိုသည့် ကုမ္ပဏီများက လက်မခံသဖြင့် တိကျသည့် ဆုံးဖြတ်ချက်ချမှတ် နိုင်ရန် အခက်အခဲအချို့ ရှိနေ သည်ဟု မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် တာဝန်ရှိသူအချို့က ဆက်လက်ပြောသည်။

No comments:

Post a Comment