Thursday, May 9, 2019

အားကစားသမားများကို သာမန်လူများကဲ့သို့ အစားအသောက်ကျွေး၍မရကြောင်း အားကစား ဒုဝန်ကြီးပြော

အားကစားသမားများကို သာမန်လူများကဲ့သို့ အစားအသောက်ကျွေးမွေး၍ မရကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ပြောသည်။ေ မလ ၆ ရက်က အမျိုးသားအားကစား ပြိုင်ပွဲရုံ ၁ တွင် ကျင်းပသည့် မြန်မာနိုငံ အိုလံပစ်ကော်မတီနှင့် ဝန်ကြီးတို့၏ အစည်း အဝေးတွင် အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။



"ကျွန်မတို့ အားကစားသမားတွေကို အစားအသောက်ကျွေးတဲ့ ကိစ္စမှာ သူတို့ကို သာမန်လူတွေလို တစ်နေ့ သုံးနပ်နဲ့ မရပါဘူး။ သူ့တို့ Training ပေါ်မူတည်ပြီးတော့ သူတို့နဲ့ ကိုက်ညီမယ့် အစားအသောက်တွေကို ကျွေးမွေးရပါ့မယ်။ ဘာလို့လည်းဆိုတော့ ကျွန်မကိုယ်တိုင်လည်း အားကစားလုပ်လာခဲ့တာ ဆိုတော့ Training တစ်ခုပြီးရင် ဘယ်လောက် အဟာရပြန်လိုလည်းဆိုတာ ကောင်းကောင်းသိတယ်။ ဒါကြောင့် သူတို့ကို သာမန်လူတွေထက် ပိုကောင်းတဲ့စနစ်နဲ့ ကျွေးမွေးဖို့ လိုမယ်လို့ ပြောချင်ပါတယ်" ဟု ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ပြောသည်။

အားကစားသမားများ၏ ထောက်ပံ့ရေးစရိတ်ကိုလည်း နှစ်ဆတိုးမြှင့်သွားရန်ရှိ သက်ဆိုင်ရာ နည်းပြများကိုလည်း လစာတိုးမြှင့် ပေးရန်ရှိကြောင်းလည်း သိရသည်။

အားကစားသမားများမှာ ၄င်းတို့၏ ငယ်ဘဝကို နှစ်သက်ရာ အားကစားနည်းများတွင် စိတ်နှစ်ပြီး လုပ်ဆောင်နေစေချင်ပြီး အစိုးရ အနေဖြင့်လည်း ပံ့ပိုးမှုများကို ပိုမိုလုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ဆက်လက်ပြောသည်။

No comments:

Post a Comment