Thursday, May 9, 2019

သောက်သုံးရေရှားပါးမှု ကြုံတွေ့နေရသော ကျေးရွာများသို့ တိုင်းစစ်ဌာနချုပ် အသီးသီးမှ တပ်မတော်သားများက သောက်သုံးရေများ ဆက်လက်ဖြန့်ဝေ လှူဒါန်း

နှစ်စဉ်နွေရာသီတွင် သောက်သုံးရေရှားပါးမှု ကြုံတွေ့နေရသော ပြည်နယ်နှင့် တိုင်းဒေသကြီးအချို့ရှိ ကျေးရွာများသို့ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တပ်မတော်သားများက ရေသယ်ယာဉ်များဖြင့် သောက်သုံးရေများ သွားရောက်ဖြန့်ဝေ လှူဒါန်းပေးလျက်ရှိကြောင်း သတင်းရရှိသည်။ ထိုသို့ ဖြန့်ဝေလှူဒါန်း ပေးလျက်ရှိရာ ယနေ့တွင်ေ နပြည်တော်တိုင်းစစ်ဌာနချုပ်က ပုဗ္ဗသီရိမြို့နယ်၊ ဖြုတ်ခွဲကျေးရွာအုပ်စု၊ စက်ကုန်းကျေးရွာသို့ သောက်သုံးရေဂါလန် ၆ဝဝဝ ကိုလည်းကောင်း၊



အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်က ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ အမှတ်(၉)ရပ်ကွက်၊ ကယားပြည်နယ်၊ ဘောလခဲမြို့နယ်၊ နန့်နောက်ကျေးရွာများသို့ သောက်သုံးရေဂါလန် ၃၆ဝဝ ကိုလည်းကောင်း၊

အရှေ့တောင်တိုင်းစစ်ဌာနချုပ်က မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ကြာအင်းကျေးရွာအုပ်စု၊ ဇော်ကုန်းကျေးရွာ၊ ကုလားတန်ကျေးရွာ၊ ဘီးလင်းမြို့နယ်၊ ပိုင်ဒဝယ်ကျေးရွာ၊ သုဝဏ္ဏဝတီမြို့နယ်၊ တောင်ကြီးကျေးရွာ၊ သိမ်ဇရပ်မြို့နယ်၊ ကျောက်ရေတွင်းကျေးရွာ၊ ကျိုက်ထိုမြို့နယ်၊ ဇေယျာမွန်ရပ်ကွက်၊ ကရင်ပြည်နယ်၊ မြိုင်ကလေးမြို့နယ်၊ ကမ်းကြီးကျေးရွာများသို့ သောက်သုံးရေဂါလန်၂၃၄ဝဝ နှင့် ရေသန့်ဘူး များကိုလည်းကောင်း၊

ရန်ကုန်တိုင်း စစ်ဌာနချုပ်က တိုက်ကြီးမြို့နယ်၊ ချင်းကုန်းကျေးရွာအုပ်စု၊ ကျားချောင်းကျေးရွာသို့ သောက်သုံးရေဂါလန် ၄၈ဝဝ နှင့် ရေသန့်ဘူးများကို လည်းကောင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်က လပွတ္တာမြို့နယ်၊ ငဘော်ကျေးရွာ၊ ကန်ကြီးထောင့်မြို့နယ်၊ ပေပင်ကြီးကျေးရွာများသို့ သောက်သုံးရေဂါလန် ၅၅ဝဝ ကိုလည်းကောင်း၊

အနောက်မြောက်တိုင်း စစ်ဌာနချုပ်က ချင်းပြည်နယ်၊ မတူပီမြို့၊ စန်ဘောင်ရပ်ကွက်၊ ငလားရပ်ကွက်နှင့် ခိုဘွေရပ်ကွက်များသို့ သောက်သုံးရေ ဂါလန် ၃၆ဝဝ ကိုလည်းကောင်း၊

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့နယ်၊ လဲပင်ကျင်းကျေးရွာ၊ မင်းလှမြို့နယ်၊ ဥယျာဉ်စံပြကျေးရွာ၊ စေတုတ္တရာမြို့နယ်၊ မကျီးစုကျေးရွာများသို့ သောက်သုံးရေဂါလန် ၉၈ဝဝ ကိုလည်းကောင်း၊

တောင်ပိုင်းတိုင်းစစ်ဌာနချုပ်က တောင်ငူမြို့၊ အမှတ်(၇)ရပ်ကွက်နှင့် ရေနီမြို့၊ ဒေါင်းနန်းကျကျေးရွာအုပ်စု၊ ရွာတော်လေးကျေးရွာများသို့ သောက်သုံးရေဂါလန် ၂၉ဝဝ နှင့် ရေသန့်ဘူး များကိုလည်းကောင်း အသီးသီး သွားရောက်ဖြန့်ဝေ လှူဒါန်းကြသည်။

ရေလှူဒါန်းမှုအနေဖြင့် ယနေ့တွင် တိုင်းစစ်ဌာနချုပ် ရှစ်တိုင်းတို့မှ သောက်သုံးရေဂါလန် ၅၉၆ဝဝ နှင့် ရေသန့်ဘူးများကို လှူဒါန်းပေးနိုင်ခဲ့ပြီး အဆိုပါ သောက်သုံးရေ ရှားပါးမှုကြုံတွေ့နေရသော နေရာများသို့ သောက်သုံးရေ လိုအပ်ချက်အပေါ် မူတည်၍ ဆက်လက်လှူဒါန်းသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment