Thursday, May 9, 2019

လေယာဉ်မတော်တဆမှု ဒဏ်ရာရခရီးသည်များနှင့် လေယာဉ်မှူးများအား အာယု အထူးကုဆေးရုံသို့ ပြောင်းရွှေ့ ကုသ

မြောက်ဥက္ကလာပဆေးရုံမှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပြောင်းရွှေ့ ကာ ဆေးဝါးကုသမှူခဲ့ယူလျက်ရှိသော ဘင်္ဂလားဒေ့ရှ်လေယာဉ်မတော်တဆမှုမှ ဒဏ်ရာရခရီးသည်များနှင့် လေယာဉ်မှူးများအား ယနေ့နံနက် ၁၂ နာရီခွဲက ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းနှင့် အစိုးရအဖွဲ့ ဝင်ဝန်ကြီးများ၊လွှတ်တော်ဒုတိယဥက္ကဌ တို့က သွားရောက်ကြည့်ရှုအားပေးခဲ့သည်။



ဝန်ကြီးချုပ်က ခရီးသည်များနှင့် လေယာဉ်မှူးများ ယခုထက်ပိုမိုကောင်းမွန်သော ဆေးဝါးကုသမှုရရှိစေရန် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးမှ ဆရာဝန်ကြီးများ၊သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးပြီး တာမွေမြို့နယ်ရှိ အာယု အထူးကုဆေးရုံကြီးသို့ ရွှေ့ ပြောင်းဆေးဝါးကုသရန် လမ်းညွှန်ခဲ့သည်။

ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့ က မေလ ၉ ရက် နံနက် ၁ နာရီခွဲတွင် ဒဏ်ရာရသူများအား အာယုအထူးကုဆေးရုံကြီးသို့ လူမှုရေးအဖွဲ့ အစည်းများမှ လူနာတင်ယာဉ်များဖြင့် ပို့ဆောင်ပေးခဲ့ပြီး ဆေးဝါးကုသမှုခံယူနေသူများကို လိုက်လံကြည့်ရှုအားပေးခဲ့သည်။

No comments:

Post a Comment