Thursday, May 9, 2019

အခြေခံဥပဒေအရ သံသယရှိသူကို ၂၄ နာရီထက် ကျော်လွန်ချုပ်နှောင်ခြင်းမပြုသင့်ဟု ရခိုင်လွှတ်တော်တွင်ဆွေးနွေး စစ်ဆင်ရေးအထူးစီမံချက်အက်ဥပဒေအရ သံသယရှိသူကို သုံးလထိ ချုပ်ထားခွင့်ရှိကြောင်း တပ်မတော်သားအမတ်တုံ့ပြန်

ဖွဲ့စည်းပုံအခြေခံဥပဒေအရ သံသယရှိသူကို ၂၄ နာရီထက် ကျော်လွန်ချုပ်နှောင်ခြင်းမပြုသင့်ကြောင်း ယမန်နေ့ကကျင်းပသည့်ရခိုင်ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် ရခိုင်အမျိုးသားပါတီ(ANP)အမတ်အချို့က ဆွေးနွေးသည်။ ရသေ့တောင်မြို့နယ်  ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဦး သန်းနိုင်တင်သွင်းသည့်သံသယဖြင့် ဖမ်းဆီးလိုသူများ သက်ဆိုင်ရာ အဖွဲ့အစည်းများက ဖမ်းဆီးစစ်ဆေးရာတွင်  ပြဋ္ဌာန်းထားသော ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီသာ ဖမ်းဆီးစစ်ဆေးမေးမြန်းသင့် ကြောင်း ပြည်နယ်အစိုးရအဖွဲ့က သက်ဆိုင်ရာအဖွဲ့များသို့ အမြန်ဆုံး ညွှန်ကြားပေးရန် တိုက်တွန်းကြောင်း အရေးကြီးအဆိုတင်သွင်းရာရခိုင်အမျိုးသားပါတီအမတ်များနှင့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဒုတိယဗိုလ်မှူး ကြီးမင်းသူတို့ ဆွေးနွေးခဲ့သည်။



‘‘ဖွဲ့စည်းပုံအခြေခံဥပဒေမှာ က လူတစ်ယောက်ကို ၂၄ နာရီ ထက်ချုပ်ခွင့်မရှိဘူးဆိုတဲ့ဟာနဲ့  အဲဒီလို ပြောတာ။ သူတို့ကတော့  စစ်ဆင်ရေးနယ်မြေအတွင်းမှာ စစ်တပ်က ခုနစ်ရက်မှ သုံးလအ ထိချုပ်ထားလို့ ရတယ်ဆိုတဲ့ သ ဘောမျိုးပြောတယ်။ ကျွန်တော် ဆွေးနွေးတာက အဲဒီလိုအမှန်တ ကယ် လုပ်လို့ရမယ်ဆိုရင်တောင် မှ မလုပ်သင့်ဘူး။ နောက်တစ် ချက်က စစ်တပ်က ကျောက်တန်း ကိစ္စနဲ့လုပ်နေတဲ့နေရာမှာ ကျွန် တော်တို့ အမြင်အရမှားတယ်။ မှားတယ်ဆိုတာ ဘာကိုဆိုလိုတာ လဲဆိုရင် တစ်ရွာလုံးကို သံသယ ရှိတဲ့လူအဖြစ်ဖမ်းပြီး စစ်ဆေး တယ်ဆိုတာ မဖြစ်သင့်ဘူးလို့ကျွန် တော်တို့ ထောက်ပြတယ်’’ ဟု ကျောက်ဖြူ ပြည်နယ်လွှတ်တော် အမတ်ဦးကျော်လွင်က  7Day Daily သတင်းစာအားပြောသည်။

သာမန်အချိန်၊ သာမန်နေ ရာများ၌  တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးနှင့် မြို့ပြအုပ်ချုပ်ရေး ကိစ္စရပ်များတွင် သံသယရှိသူ များကို ဖမ်းဆီးစစ်ဆေးရာ၌   ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပ ဒေအရ နိုင်ငံသားများ၏ အခွင့် အရေးများကို မထိခိုက်စေဘဲ ဆောင်ရွက်နိုင်ကြောင်း ဒုဗိုလ်မှူး ကြီးမင်းသူက လွှတ်တော်တွင် ဆွေးနွေးသည်။

‘‘AA အကြမ်းဖက်သောင်း ကျန်းသူများ ၀င်ရောက်လှုပ်ရှား ပြီး အကြမ်းဖက်လုပ်ရပ်များ ပြု လုပ်နေသည့် ဒေသများအတွင်း စစ်ဆင်ရေးကိစ္စရပ်များတွင် ကန့် သတ်ချက်များရှိခြင်းကြောင့် ကျောက်တန်းရွာဖြစ်စဉ်နှင့် ဖြစ် စဉ်အချို့တွင်   ၁၉၅၆ ခုနှစ် ပြည် ထောင်စုမြန်မာနိုင်ငံ ကာကွယ် ရေး (စစ်ဆင်ရေး အထူးစီမံချက်) အက်ဥပဒေ၊ ထိတွေ့တိုက်ခိုက်မှု ဆိုင်ရာ စည်းမျဉ်းများနဲ့အညီကျင့် သုံးဆောင်ရွက်ခဲ့ရပါတယ်’’ ဟု ၎င်းက ဆိုသည်။

ယင်းဥပဒေတွင် စစ်ဘက် ဆိုင်ရာအရာရှိတစ်ဦးဦးသည် စစ် ဆင်မှုဆင်နွှဲရာတွင် အသုံးပြု သည့် တပ်ဖွဲ့ (သို့မဟုတ်) ထိုတပ် ဖွဲ့နှင့်အတူ ပူးတွဲဆောင်ရွက်နေ သည့် စစ်ဘက်ဆိုင်ရာ အရာထမ်း များ၊ အမှုထမ်းများ၊ စစ်ဘက်ဆိုင် ရာပစ္စည်းများ၊ စစ်ဘက်ဆိုင်ရာ အသုံးအဆောင်များ၏ ဘေးကင်း လုံခြုံမှုကို အန္တရာယ်ဖြစ်စေသော (သို့မဟုတ်)အန္တရာယ်ဖြစ်အောင် အကာအကွယ်ပေးသော ပြုမူမှု တစ်ခုခုကို ပြုပြီး၊ ပြုဆဲ၊ ပြုလတ္တံ့ ဟု သင်္ကာမကင်းသူတစ်ဦးဦးကို ဖမ်းနိုင်ကြောင်း၊ ယင်းသို့ ဖမ်း ထားသူကို ခုနစ်ရက်မှ သုံးလအ ထိချုပ်ထားနိုင်ကြောင်း ပြဋ္ဌာန်း ပါရှိသည်ဟု အသေးစိတ်ရှင်းပြ သည်။

‘‘တင်ပြပါ အကြောင်းအရာ များအရ တပ်မတော်အနေဖြင့် သံသယရှိသူများကို ဖမ်းဆီးစစ် ဆေးရာတွင် တည်ဆဲဥပဒေ လုပ် ထုံးလုပ်နည်းနဲ့အညီသာ စစ်ဆေး နေကြောင်း တင်ပြအပ်ပါတယ်’’ ဟု ဒုဗိုလ်မှူးကြီးမင်းသူက ပြော သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအ ခန်း(၈)ပုဒ်မ ၃၇၆ တွင် ‘‘နိုင်ငံ တော်လုံခြုံရေး၊ တရားဥပဒေစိုးမိုး ရေး၊ အများပြည်သူအေးချမ်းသာ ယာရေးနှင့် အများပြည်သူအကျိုး ငှာဥပဒေနှင့်အညီ ကြိုတင်ကာ ကွယ်ထားရှိရန်လိုအပ်သောကိစ္စ (သို့မဟုတ်) တည်ဆဲဥပဒေတစ် ရပ်ရပ်အရ ခွင့်ပြုသည့်ကိစ္စရပ်မှ တစ်ပါးစီရင်ပိုင်ခွင့်ရှိသော တရား သူကြီး၏ ချုပ်မိန့်မရရှိဘဲမည် သည့်ကိုမျှ ၂၄ နာရီထက်ပို၍ ချုပ်နှောင်ခြင်းမပြုရ’’ဟု ပြဋ္ဌာန်း ထားသည်။

လက်ရှိတွင် တပ်မတော် အပါအ၀င် လုံခြုံရေးတပ်ဖွဲ့ဝင် များအနေဖြင့် ရသေ့တောင်မြို့ နယ် ကျောက်တန်းရွာတွင် AA နှင့်ပတ်သက်၍ သံသယရှိသည် ဆိုကာ အမျိုးသား ၂၇၅ ဦးကို ဧပြီ ၃၀ ရက်က စတင်ထိန်းသိမ်း စစ်ဆေးခဲ့သည်။ ထိန်းသိမ်းထား သူများအနက် ၂၀၉ ဦးကို သံသ ယစာရင်းမှပယ်ဖျက်ပြီး မေလ ၃ ရက်၊ ၆ ရက်နှင့် ၈ ရက်တွင်  သုံးသုတ်ခွဲ၍ ပြန်လွှတ်ပေးခဲ့ပြီး   ၄၃ဦးကို  ဆက်လက်စစ်ဆေးနေ သည်။   AA ဟုဝန်ခံသူ လေးဦး၊ သံသယရှိသူနှစ်ဦး စုစုပေါင်း ခြောက်ဦးကို စစ်တွေမြို့သို့ ခေါ် ယူ၍ တရားဥပဒေအတိုင်း  ဆက် လက် ဆောင်ရွက်မည်ဖြစ် ကြောင်း တပ်မတော်က သတင်း ထုတ်ပြန်သည်။ ထိုသို့ ထိန်းသိမ်းထားစဉ်အ တွင်း  မေလ ၂ရက်တွင် ပစ်ခတ်မှု ဖြစ်ပွား၍ ခြောက်ဦးသေ၊ ရှစ်ဦး ဒဏ်ရာရ၊ လေးဦးလွတ်မြောက် သွားသည်။ ထိန်းသိမ်းထားသူများ အနက် အုပ်စုတစ်ခုက အော်ဟစ် ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များထံမှ လက်နက်လုရန် ကြိုးပမ်းခြင်း ကြောင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ ကြောင်း တပ်မတော်က သတင်း ထုတ်ပြန်ထားပြီး ယင်းပစ်ခတ်မှု ဖြစ်စဉ်အမှန်ပေါ်ပေါက်ရေး တပ် မတော်စုံစမ်းရေးအဖွဲ့ဖြင့် စစ် ဆေးနေသည်။

No comments:

Post a Comment