Thursday, May 9, 2019

ပြည်တွင်း မှိုခြောက်မှုန့်များကို ပြည်ပပို့ရန် ဂျပန်ကုမ္ပဏီနှင့် ပူးပေါင်းမည်

ပြည်တွင်းစိုက်ပျိုးထွက်ရှိသော မှိုခြောက်မှုန့်များ ဖြစ်သည့် (ငွေနှင်းမှို၊ ကြွက်နားရွက်မှို၊ ကောက်ရိုးမှို)ကို ပြည်ပနိုင်ငံများသို့ တင်ပို့နိုင်ရန် ဂျပန်ကုမ္ပဏီတစ်ခုနှင့် MoU လက်မှတ်ရေးထိုးရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံ စားသုံးမှိုအစုအဖွဲ့ ဥက္ကဋ္ဌ ဦးတင်အောင်က ပြောသည်။ “ပစ္စည်းအရည်အသွေးကို သူတို့ ကြိုက်တယ်။ packing ကို သူတို့က ပြောင်းခိုင်းတယ်။ packing ကတော့ သူတို့ သေချာရင် ပြောင်းလို့ရတယ်။ ဒီကထွက်သမျှ မှိုဆိုရင်လည်း မှိုခြောက်၊ မှိုမှုန့် အပြတ်ရောင်းမယ်။ သူ့ဟာသူ packing လုပ်ပြီး ပြန်ေ ရာင်းပေါ့။ တကယ်လို့ ပြန်ရောင်းမယ်ဆိုရင် အန်ကယ်တို့ အသင်းက ဒီကနေ မြန်မာမှို ဆိုပြီးတော့ေ ထာက်ခံပေးမယ်” ဟု ၎င်းကပြောသည်။



ယင်းကုမ္ပဏီအနေဖြင့် မှိုခြောက်မှုန့် နမူနာများယူ၍ မလေးရှားသို့ တင်ပို့ထားပြီး အိန္ဒိယ၊ စင်္ကာပူနှင့် ဗီယက်နမ် နိုင်ငံ တို့ကိုလည်း နမူနာများ ပေးပို့သွားမည် ဟုဆိုသည်။

ငွေနှင်းမှို၊ ကြွက်နားရွက်မှို၊ ကောက်ရိုးမှိုများကို အခြောက်လှန်းကာ ပေါင်ဒါမှုန့်ပြုလုပ်၍ ဟင်းခတ်မှုန့်အဖြစ် အသုံးပြုမှု တွင်ကျယ်လာသည့် အတွက် ယခုကဲ့သို့ ဈေးကွက်ချဲ့ထွင်ရန် စီစဉ်ရခြင်းဖြစ်သည်ဟုဆိုသည်။

“အန်ကယ်တို့က ဒီအတိုင်းမလုပ်ချင်ဘူး။ MoU ထိုးခိုင်းမယ်။ ဒီလ ဘယ်လောက်ထွက်မယ်။ ဘယ် လောက်ယူမယ်ပေါ့။ သူတို့လာမယ် နှစ်ပတ်အတွင်း ပြန်လာမယ်ပြော တယ်။ အဲ့ဒါကို အမယ်တစ်မျိုးစီ လုပ်ရမှာပေါ့။ ဒန့်ဒလွန်မှုန့်ဆိုရင် ဒန့်ဒလွန်အရွက်ခြောက်မှုန့်၊ မှိုဆိုရင် မှို တစ်ခါလုပ်မယ်။ အဲ့ဒါကို ထုတ်လုပ်သူနဲ့ စိုက်ပျိုးတဲ့ တောင်သူတွေ ခေါ်ပြီးတော့ သူတို့ရှေ့မှာပဲ တိုက်ရိုက်ချိတ်ဆက်မယ်” ဟု ဦးတင်အောင်က ပြောသည်။

မှိုခြောက်မှုန့်အပြင် ဒန့်ဒလွန်နှင့် ကြယ်ပဲတို့ကိုလည်း ပြည်ပနိုင်ငံများသို့ တင်ပို့သွားမည်ဟုဆိုသည်။

လက်ရှိပြည်တွင်း ဈေးကွက်အတွင်း မှိုတစ်ပိဿာလျှင် ကျပ် ၅၀၀၀ ဝန်းကျင် ပေါက်ဈေးရှိပြီး ရန်ကုန်ဈေးကွက် အတွင်းသို့ နေ့စဉ် မှိုပိဿာချိန် ၆၀၀၀ မှ ၇၀၀၀ ဝန်းကျင် ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

မှိုစိုက်ပျိုးရာတွင် လယ်ယာထွက် ပစ္စည်းများ အသုံးပြု၍ စိုက်ပျိုးနိုင်ပြီး စိုက်ပျိုးစရိတ်နည်းပါးခြင်း၊ တစ်ပတ်အတွင်း ငွေပြန်ရခြင်းတို့ကြောင့် တစ်နိုင်တစ်ပိုင်လုပ်ကိုင်သူ များပြားလာကြောင်း သိရသည်။

ယင်းကဲ့သို့ စိုက်ပျိုးရာတွင် မှိုမျိုးစေ့ထုပ်ကို ဝယ်ယူစိုက်ပျိုးမည် ဆိုပါက တစ်ပတ်အတွင်း မှိုထွက်ရှိ၍ တစ်လခွဲအထိ မှိုထုတ်ယူနိုင်ပြီး မျိုးစေ့ထုတ်ပိုး၍ စိုက်ပျိုးမည်ဆိုပါက စတင်စိုက်ပျိုးချိန်မှစ၍ တစ်လအတွင်းမှ သုံးလအထိ မှိုထုတ်ယူနိုင်သောကြောင့် တစ်နှစ်လျှင် ၅ ကြိမ်ဝန်းကျင်အထိ မှိုစိုက်ပျိုးထုတ်လုပ်နိုင်ကြောင်း သိရသည်။

No comments:

Post a Comment