Thursday, May 9, 2019

မြိတ်တွင် ယနေ့ပြုလုပ်မည့် ခြေဥပြင်ဆင်ရေးထောက်ခံပွဲ လူဦးရေသုံးထောင်ခန့် ပါဝင်မည်ဟုဆို

 မြိတ်မြို့တွင် လူဦးရေ သုံးထောင်ခန့်ပါဝင်မည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင် ဆင်ရေး လူထုထောက်ခံပွဲကို ဒေသခံပြည်သူများ ဦးဆောင်၍ ယနေ့ညနေပိုင်းတွင် ပြုလုပ်စီစဉ်နေသည်။ မေလ ၉ရက် မွန်းလွဲ ၃နာရီ ကစ၍ မြိတ်ကုန်တိုက်နံဘေးရှိ သဲကွင်းအတွင်း ပြုလုပ်မည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင် ရေးလူထုထောက်ခံပွဲသို့ မြို့ခံ ပြည်သူများ တက်ရောက်ရန် ပွဲဖြစ်မြောက်ရေး ဦးဆောင်သူ များက မော်တော်ယာဉ်များဖြင့် လှည့်လည်၍ မေလ ၈ရက်ကစ ကာစည်းရုံးလှုံ့ဆော်နေသည်။
‘‘ကျွန်တော်တို့ သုံးထောင် လောက်ခန့်မှန်းထားတယ်။ လွှတ် တော်မှာ ဖွဲ့စည်းပုံပြင်ဆင်ရေး အပိုင်းကို လွှတ်တော်အပိုင်းက လုပ်ဆောင်နေသလို ကျွန်တော် တို့ မြိတ်သူ၊ မြိတ်သားတွေက ပြည်သူ့အသံအစစ်အမှန်ကိုဖော် ထုတ်တဲ့အနေနဲ့ လုပ်ဆောင်ရ ခြင်းဖြစ်ပါတယ်’’ ဟု ပွဲဖြစ် မြောက်ရေးတာဝန်ရှိသူ မြိတ်မြို့ခံ ဦးမင်းမင်းက ရှင်းပြသည်။

အဆိုပါ လူထုထောက်ခံပွဲ သို့  စာရေးဆရာ ထင်လင်းဦးနှင့် မာန် (တောင်လုံးပြန်) တို့ တက် ရောက်ဟောပြောရန် ပွဲဖြစ် မြောက်ရေး ဦးဆောင်သူများက စီစဉ်ထားသည်။

ဧပြီ ၂၉ရက်က မြိတ်မြို့တွင် ဦးဝီရသူဦးဆောင်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၅၉(စ) မပြင် ရေးထောက်ခံပွဲပြုလုပ်ရာ ဦးဝီရ သူ၏ ဟောပြောချက်များသည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုး ရအဖွဲ့အပေါ်  ပုဂ္ဂိုလ်ရေးအရ ထိခိုက်စေသည့် ဟောပြောမှု များကြောင့် ဒေါသထွက်ခဲ့သည် ဟု မြို့ခံများကဆိုသည်။ တနင်္သာရီတိုင်းတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင် ရေးလူထုထောက်ခံပွဲများကို ဧပြီ အတွင်းက ကော့သောင်းခရိုင်နှင့် ထားဝယ်ခရိုင်တွင် ပြုလုပ်ပြီး ဒေသခံထောင်ချီ တက်ရောက်ခဲ့သည်။

No comments:

Post a Comment