Thursday, May 9, 2019

နှစ်ရာသီစာ ကစားသမား ပြောင်းရွှေ့ခွင့်ပိတ်ပင်မှုကြောင့် ချယ်လ်ဆီး၏ အယူခံပယ်ချခံရ

 ပြည်ပလူငယ်ကစားသ မားများကို ခေါ်ယူခြင်းနှင့် ပတ် သက်၍ ဖီဖာကချမှတ်ထားသည့် နှစ်ရာသီစာ ကစားသမားခေါ်ယူ ခွင့်ပိတ်ပင်မှုကြောင့် ချယ်လ်ဆီး က အယူခံဝင်ခြင်းကို ဖီဖာက မေလ ၈ ရက်၌ ပယ်ချသည်။ ချယ်လ်ဆီးသည် နိုင်ငံခြား သား လူငယ်ကစားသမား ၂၉ ဦးကို ဝယ်ယူခြင်းနှင့်ပတ်သက်၍ စည်းကမ်းချိုးဖောက်မှုကြောင့် ဖေဖော်ဝါရီက ဖီဖာ၏ပြစ်ဒဏ်ချ မှတ်ခြင်းခံရသည်။ ယခုအခါယင်းပြစ်ဒဏ်၏ အယူခံကို ဖီဖာကပယ် ချ၍ ချယ်လ်ဆီးအနေဖြင့် လာ မည့်နှစ်ရာသီအတွင်း ကစားသ မားသစ်ခေါ်ယူနိုင်မည် မဟုတ် ပေ။ ချယ်လ်ဆီးက အယူခံရှုံးနိမ့် သော်လည်း ယင်းကိစ္စကို အား ကစားအငြင်းပွားမှုဖြေရှင်းရေး တရားရုံးသို့ ဆက်လက်တင်ပြရန် စီစဉ်ထားသည်။



ချယ်လ်ဆီးအနေဖြင့် ကစား သမားရောင်းချခွင့်ရှိမည်ဖြစ်ပြီး စည်းကမ်းနှင့်အညီ အသက် (၁၆) နှစ်အောက် ကစားသမား များ ခေါ်ယူခွင့်ရရှိမည်ဖြစ်သည်။

ပရီးမီးယားလိဂ်တွင် နံပါတ် (၃) နေရာရထားပြီး လာမည့်ရာ သီချန်ပီယံလိဂ်ဝင်ခွင့် သေချာသ လောက်ဖြစ်နေသည့် ချယ်လ်ဆီး သည် ယူရိုပါလိဂ်ဆီမီးဖိုင်နယ် တွင် ဖရန့်ဖတ်ကို လက်ခံယှဉ်ပြိုင် ရမည်ဖြစ်သည်။ ပထမအကျော့ ဖရန့်ဖတ်အိမ်ကွင်းတွင် တစ်ဂိုးစီ သရေကျထားသော ချယ်လ်ဆီး က ၎င်းတို့အိမ်ကွင်း၌ နိုင်ပွဲယူ ကာ ဗိုလ်လုပွဲတက်ရန် မျှော်လင့် နေသည်။ ချယ်လ်ဆီးကွင်းလယ်လူ ကန်တီ ပါဝင်နိုင်မည်မဟုတ်ဘဲ တိုက်စစ်တွင် ဂျီရော့ဒ်နှင့်ဟာဇက် တို့ပါဝင်မည်ဖြစ်သည်။

ဘွန်ဒက်စ်လီဂါအမှတ်ပေး ဇယား နံပါတ် (၄) နေရာရှိ ဖရန့် ဖတ်တွင် ဒဏ်ရာပြဿနာမရှိသ ဖြင့် ချယ်လ်ဆီးကို အင်အားပြည့် ရင်ဆိုင်မည်ဖြစ်သည်။

No comments:

Post a Comment