Thursday, May 9, 2019

အခမ်းနားဆုံးမေတ္တာရုပ်ရှင်မှာ ပါဝင်မယ့် နေရွှေသွေးအောင်

အငြိမ်းစားဗိုလ်ချုပ်မှူး ကြီး ဦးသန်းရွှေ၏ မြေးနေရွှေသွေး အောင်သည် 7th Sense ထုတ် လုပ်ရေးကရိုက်ကူးနေသည့် အ  ခမ်းနားဆုံး မေတ္တာရုပ်ရှင်တွင်  သရုပ်ဆောင်အဖြစ် ပါဝင်ထား သည်။ ‘‘နေရွှေသွေးအောင်က အ ခမ်းအနားဆုံးမေတ္တာထဲမှာ သရုပ် ဆောင်အဖြစ်ပါတာပါ’’ ဟု ယင်း ဇာတ်ကား၏ အဓိကသရုပ် ဆောင်နေတိုးကပြောသည်။ အခမ်းနားဆုံး မေတ္တာရုပ် ရှင်တွင် နေတိုး၊ နေခြည်ဦး၊ စိုး မြတ်သူဇာတို့ အဓိကပါဝင် သရုပ်ဆောင်ထားပြီး နေခြည်ဦး က ယင်းဇာတ်ကားရိုက်ကွင်း တွင် နေတိုး၊ နေရွှေသွေး အောင် တို့နှင့် ရိုက်ကူးထားသည့်ပုံကို ဖေ့စ်ဘွတ်ခ်စာမျက်နှာ၌  နေ သုံးနေဟုတင်ခဲ့ရာ ပရိသတ် စိတ်ဝင်စားမှုရရှိခဲ့သည်။


‘‘အလုပ်လုပ်တဲ့နေရာမှာသူ က တော်တော်လေးရူးသွပ်တယ်။  လေ့လာမှုအားကောင်းတယ်လို့ မြင်တယ်’’ ဟု နေရွှေသွေးအောင် နှင့် ပတ်သက်၍ နေတိုးက၎င်း၏   အမြင်ကိုပြောသည်။

နေရွှေသွေးအောင်က လက် ရှိအနုပညာလောကတွင် နေတိုး  သည် ၎င်းအကြိုက်ဆုံးမင်းသား တစ်ဦးဖြစ်ကြောင်း ၎င်းထံသို့ပေး ပို့သော မေးခွန်းများ ဖြေကြား သည့် ဗီဒီယိုဖိုင်တွင် ပြောကြား ထားသည်။

‘‘သူ (နေတိုး) က ကျွန်တော်  နားလည်ထားသလောက်မူးယစ် ဆေးဝါးကင်းတယ်၊ မိန်းမကိစ္စ ကင်းတယ်၊ ငွေကြေးအရှုပ်အ ရှင်းလည်းကင်းတယ်၊ အလုပ် ချိန်လည်း မှန်တယ်လို့ပြော တယ်။ အလုပ်လုပ်တဲ့အခါမှာ လည်း သူ့ရဲ့လုပ်ပိုင်ခွင့်ရော၊ တ ခြားသူနဲ့မဆိုင်တဲ့အလုပ်တွေရော မှာဝင်ပြီး ကူညီတတ်တယ်လို့  ကျွန်တော်ကြားတယ်’’ ဟု နေတိုး  နှင့် ပတ်သက်၍ နေရွှေသွေး အောင်က အင်တာဗျူးတွင်ဖြေ ကြားထားသည်။

နေရွှေသွေးအောင်သည် အ နုပညာလှုပ်ရှားမှုများအနေဖြင့် နိုင်ငံတကာအဆိုတော်များ၏ သီ ချင်းများကို Cover သီဆို၍  Music Video များရိုက်ကူးကာ အွန်လိုင်းကွန်ရက်စာမျက်နှာတွင် တင်ခဲ့သည်။

သီချင်းသီဆိုခြင်းထက် သ ရုပ်ဆောင်ခြင်းကို ပို၍၀ါသနာ ပါကြောင်း ၎င်း၏အင်တာဗျူး တွင် ဖြေကြားထားပြီးထပ်မံလုပ် ဆောင်မည့် အလုပ်များနှင့်ပတ် သက်၍ စောင့်ကြည့်ပေးစေလို ကြောင်း ပြောကြားထားသည်။

No comments:

Post a Comment