Thursday, May 9, 2019

တပ်မတော်၏ အပစ်ရပ်လက်ကျန်ကာလအတွင်း ငြိမ်းချမ်းရေးဆွေးနွေးမှုများ အားစိုက်ဆောင်ရွက်မည်ဟုဆို မေလအတွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲသုံးပွဲထက်မနည်း ပြုလုပ်ရန်ပြင်ဆင်နေ

အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ကိုယ်စားလှယ်များအကြား တွေ့ဆုံမှုများ ပြုလုပ်ရန်ညှိနှိုင်း နေရာ ယခုမေလအတွင်း ငြိမ်း ချမ်းရေး ဆွေးနွေးပွဲသုံးပွဲထက် မနည်းပြုလုပ်ရန် စီစဉ်နေကြောင်း ငြိမ်းချမ်းရေးကော်မရှင် အကြံပေးဦးလှမောင်ရွှေက ပြောသည်။ အစိုးရနှင့် ကချင်အဖွဲ့ (KIA)၊ တအာင်းအဖွဲ့ (TNLA)၊ ကိုးကန့်အဖွဲ့ (MNDAA)၊ ရခိုင် အဖွဲ့ (AA)မြောက်ပိုင်းလက်နက် ကိုင်လေးဖွဲ့အကြား ဆွေးနွေးပွဲ၊ အစိုးရနှင့် ကရင်အမျိုးသားအ စည်းအရုံး (KNU)အကြား ဆွေး နွေးပွဲ၊ အစိုးရနှင့်ကရင်နီအမျိုး သားတိုးတက်ရေးပါတီ (KNPP)အကြား ဆွေးနွေးပွဲများ ယခုလ အတွင်း ကျင်းပရန်ပြင်ဆင်နေ ကြောင်း ၎င်းကဆိုသည်။



‘‘သုံးဖွဲ့ (သို့မဟုတ်) လေးဖွဲ့ လောက်လည်း တွေ့နိုင်ဖို့ရှိတယ်။ အခုက နှစ်လသက်တမ်းတိုးထား တော့ နှစ်လတိုးတဲ့အချိန်မှာ ကျွန် တော်တို့ဘက်ကလည်း ဒါကိုပိုပြီး တော့ အားစိုက်ပြီးဆောင်ရွက်ဖို့ သဘောပါပဲ’’ ဟု ဦးလှမောင်ရွှေ က ပြောသည်။

 အစိုးရငြိမ်းချမ်းရေးဆွေး နွေးရေး ကိုယ်စားလှယ်အဖွဲ့နှင့် မြောက်ပိုင်းလေးဖွဲ့သည် ဧပြီ ၃၀ ရက်က မူဆယ်၌တွေ့ဆုံ၍ အပစ် ရပ်စဲရေးစာချုပ်လက်မှတ်ထိုးနိုင် ရေး ဆွေးနွေးရာ မေလတတိယ ပတ်အတွင်း ထပ်မံတွေ့ဆုံရန် ချိန်းဆိုထားသည်။ ယင်းဆွေးနွေးပွဲတွင် မြောက်ပိုင်းလေးဖွဲ့က တစ်ဖွဲ့ချင်းစီ၏ Bilateral အပစ် ရပ်စဲရေးစာချုပ်မူကြမ်းများကို အ စိုးရထံ ပေးအပ်ခဲ့သည်။

‘‘အခုက အပြန်အလှန် Bilateral Agreement ကို စာပေး စာယူနဲ့ ညှိနှိုင်းနေတုန်းပဲ။ နဂိုက တတိယပတ်မှာ တွေ့မယ်ဆိုတာ နည်းနည်းစောဖို့လည်း အခြေအ နေရှိတယ်’’ ဟု ဆွေးနွေးပွဲဖြစ် မြောက်ရေး    ကြားဝင်ညှိနှိုင်းနေ သည့် ငြိမ်းချမ်းရေးဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ (PCG)မှ ဦး ဆန်းအောင်က ပြောသည်။

အစိုးရနှင့် မြောက်ပိုင်းလေး ဖွဲ့တွေ့ဆုံပွဲကို မူဆယ်တွင် ဆက် လက်ပြုလုပ်လိုကြောင်း တိုင်းရင်း သားအဖွဲ့များဘက်က အဆိုပြု ထားပြီး အစိုးရကိုယ်စားလှယ်အ ဖွဲ့ကမူ  မန္တလေး၊ ရန်ကုန်၊ နေ ပြည်တော်၊  မြစ်ကြီးနားတွင် ပြုလုပ်လိုကြောင်း   အဆိုပြုထား သည်။

 KNPP အနေဖြင့်လည်း  တစ်နိုင်ငံလုံးအပစ်ရပ်စဲရေးသ ဘောတူစာချုပ်(NCA) လက်မှတ် ထိုးနိုင်ရေး ဆက်လက်ညှိနှိုင်းရန် အစိုးရ၊ တပ်မတော်ကိုယ်စားလှယ်များနှင့် ထပ်မံတွေ့ဆုံရန်ရှိကြောင်း KNPP ပြောရေးဆိုခွင့်ရှိသူ နဲနယ်ပလိုးက ပြောကြားထားသည်။ ၂၀၁၈ နှစ်ကုန်ပိုင်းကတည်း က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင် ရာ တရားဝင်အစည်းအဝေးများ တွင် ပါဝင်မှုယာယီရပ်ဆိုင်းထား သည့် KNU ကလည်း ၎င်းတို့နှင့် အစိုးရအကြား အလွတ်သဘော ဆွေးနွေးပွဲ ခြောက်ကြိမ်ပြုလုပ်ခဲ့ ရာ တိုးတက်မှုရှိကြောင်း၊ ဒီမို ကရေစီဖက်ဒရယ်  ပြည်ထောင်စု တည်ဆောက်ရေးနှင့် ပတ်သက် ပြီး  မည်သို့အကောင်အထည် ဖော်မည်ဆိုသည့် အဆိုပြုချက်ကို  အစိုးရထံ ပေးအပ်ထားကြောင်း၊ အဆင့်လေးဆင့်ပါဝင်သည့်NCA အကောင်အထည်ဖော်မှုမှတစ် ဆင့် ဖက်ဒရယ်ပြည်ထောင်စု ရောက်ရှိရေးလုပ်ငန်းစဉ် အဆင့် ဆင့်ဖြစ်ကြောင်း ထုတ်ပြန်ထား သည်။

No comments:

Post a Comment