Thursday, May 9, 2019

မြန်မာ့ကြက်၊ ဘဲမွေးမြူရေးကဏ္ဍ ၁၀ နှစ်အတွင်း သိသိသာသာကျဆင်းဟု ဆို

မြန်မာနိုင်ငံ၏ ကြက်နှင့် ဘဲမွေးမြူရေးကဏ္ဍသည် ၁၀ နှစ်အတွင်း သိသိသာသာကျဆင်းသွားကြောင်း မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌ ဒေါက်တာမြဟန်က ပြောသည်။ေ မွးမြူရေးကဏ္ဍတိုးချဲ့ရန် မြေနေရာရရှိရေးအခက်အခဲရှိသည့်အပြင် ယင်းမြေနေရာများမှာအာမခံချက်မရှိ ခြင်း၊ မြေယာပိုင်ဆိုင်မှုမရှိသည့်အတွက်ချေးငွေအလွယ်တကူမရရှိသဖြင့် အရင်းအနှီးလိုအပ်ချက်များရှိခြင်း၊ မွေးမြူရေးအစာဈေးနှုန်းများ ကြီးမြင့်ခြင်း၊ ခေတ်မီနည်းစနစ်များအသုံးမပြုနိုင်ခြင်းတို့ကြောင့် ကျဆင်းသွားခြင်းဖြစ်ကြောင်း သိရသည်။



“ကြက်၊ ဘဲမွေးမြူရေးကဏ္ဍက ၁၀ နှစ်အတွင်းမှာတော်တော်ကိုကျဆင်းသွားပါတယ်။ ကြက်ဥ၊ ဘဲဥ ဖောက်တဲ့စနစ်ကလည်း လက်နဲ့ ပဲဖောက်နေကြတယ်။ ခေတ်မီစက်ကိရိယာတွေ အသုံးပြုပြီးစနစ်တကျဖောက်ဖို့ လိုတယ်” ဟု မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌ ဒေါက်တာမြဟန်က ပြောသည်။

မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်အနေဖြင့်လည်း ကြက်၊ ဝက်၊ ဘဲစသည့် မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးရန် မြေတစ်ဧကလျှင် အထက်ပါကဲ့သို့ ကျပ် ၃၀၀၀၀ ဖြင့်ရရှိရန် သက်ဆိုင်ရာသို့တင်ပြကာ ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

“ အေးခဲသားတွေ၊ ကြက်ဥ၊ ဘဲဥတွေ၊ ကြက်အရှင်တွေ၊ ကြက်နဲ့ ဘဲကထုတ်တဲ့ အသင့်စားသုံးလို့ရတဲ့ ပစ္စည်းတွေ နေ့စဉ်နဲ့အမျှ ထိုင်းနိုင်ငံကနေဝင်နေပါတယ်။ ကျွန်တော်တို့ဒေသမှာ တင်သွင်းနေတာ တွေ့နေရပါတယ်” ဟု ကရင်ပြည်နယ်မွေးမြူရေးလုပ်ငန်းအဖွဲ့အတွင်းရေးမှူး ဦးအောင်ကိုလတ်က ပြောသည်။

လယ်ယာမြေများကိုအခြားနည်းသုံးစွဲခွင့်မရရှိဘဲငါး၊ ပုစွန် စသည့် မွေးမြူရေးလုပ်ငန်းဆောင်ရွက်နေခြင်း အတွက် ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးရန် မြေတစ်ဧကလျှင် ကျပ် ၃၀၀၀၀ အခွန်ဆောင်ခြင်းဖြင့် အဆင်ပြေစေရန် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကပြောကြားထားဖူးသည်။

No comments:

Post a Comment