Tuesday, May 14, 2019

ပြည်နယ်နှင့်တိုင်းဒေသကြီး ၁၁ ခုတွင်နေ့အပူချိန်များ ပြန်လည်မြင့်တက်လာနိုင်ကြောင်း ဒေါက်တာထွန်းလွင်ပြော

မြန်မာနိုင်ငံသိှု့မုတ်သုံလေဝင်ရောက်မှုနောက်ကျခြင်းနှင့် မုန်တိုင်းမရှိခြင်းကြောင့် ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၁ ခုတွင် နေ့အပူချိန်များ ပြန်လည်မြင့်တက်လာနိုင်ကြောင်း မိုးလေဝသ ပညာရှင် ဒေါက်တာထွန်းလွင်က ပြောသည်။ "မုတ်သုံက အ၀င်နောက်ကျနေပြီးမုန်တိုင်းကလည်း ထပ်မဖြစ်သေးတာကြောင့် အပူချိန်မြင့်တက်မှုကို အထူး ဂရုစိုက်ဖို့လိုအပ်နေပါတယ်။ မေလ ၁၅ ရက်ကနေ ၂၁ ရက်နေ့အထိ ရက်တစ်ပတ်အတွင်း ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဧရာဝတီတိုင်းနဲ့တနင်္သာရီတိုင်းတို့မှလွဲပြီး ကျန်တပြည်လုံးမှာ အပူချိန်များမြင့်တက်လာနိုင်ပါတယ်"ဟု ဒေါက်တာထွန်းလွင်ကသူ၏လူမှုကွန်ရက်စာမျက်နှာမှတဆင့်သတင်းထုတ်ပြန်သည်။


နေ့အပူချိန် ပြန်လည်မြင့်တက်နိုင်သည့်ဒေသများမှာ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ နေပြည်တော် ပြည်ထောင်စုနယ်မြေတို့ဖြစ်ပြီး အန္တရာယ်ရှိသည့်အနေအထားအထိ နေ့အပူချိန်များ မြင့်တက်နိုင်ကြောင်း ဒေါက်တာထွန်းလွင်က ပြောသည်။

နေ့အပူချိန် ၄ဝ ဒီဂရီစင်တီဂရိတ်ထက်ကျော်လွန်လျှင် အန္တရာယ်ရှိသည့် အပူချိန်အဖြစ် မိုးလေဝသပညာရှင်များက သတ်မှတ်ထားသည်။

No comments:

Post a Comment