Sunday, May 12, 2019

သဘောထားကွဲစေသော လွှဲပြောင်းပို့ဆောင်ရေးဥပဒေနှင့်ပတ်သက်၍ ဟောင်ကောင်လွှတ်တော်အမတ်များ ရုန်းရင်းဆန်ခတ်ဖြစ်ပွား

ဘဏ္ဍာရေးဆုံရပ်ဟောင်ကောင်အပေါ် ဘေဂျင်း၏ အာဏာများ တိုးမြှင့်ပေးမည့် လွှဲပြောင်းပို့ဆောင်ရေး ဥပဒေနှင့် ပတ်သက်၍ စနေနေ့က ဟောင်ကောင်လွှတ်တော်တွင် ဒီမိုကရေစီလိုလားသော လွှတ်တော်အမတ် များနှင့် ဘေဂျင်းကို သစ္စာခံသော အမတ်များကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့သည်။ လူတစ်ဦးကို ဆေးရုံတင်ပို့ခဲ့ရသည်။ ယင်းဗြိတိန်ကိုလိုနီ ဟောင်းက နိုင်ငံခြားသားများအပါအဝင် ရာဇဝတ်မှုကျူးလွန် ကြောင်း စွပ်စွဲခံရသူများကို တ ရားဝင်လွှဲပြောင်းပို့ဆောင်ရေး သ ဘောတူညီမှုများမရှိဘဲ တရုတ် ပြည်မကြီးအပါအဝင် နိုင်ငံများသို့ ဟောင်ကောင်မှ လွှဲပြောင်းပို့ ဆောင်ခွင့်ပြုမည့် ဥပဒေပြဋ္ဌာန်း ရန် ကြိုးပမ်းနေသည်။



 ယင်းဥပဒေကြောင့် ဟောင် ကောင်တွင် လူ့အခွင့်အရေးများ နှင့် ဥပဒေဆိုင်ရာ အကာအကွယ် များ ထိခိုက်နိုင်သဖြင့် ကန့်ကွက် သူများက စိုးရိမ်နေကြပြီး ၁၉၉၇ က ဟောင်ကောင်ကို တရုတ်ထံ လွှဲပြောင်းပေးအပ်စဉ်က ခွင့်ပြုခဲ့ သည့် လွတ်လပ်မှုများ ထိခိုက် မည့်အရေး စိုးရိမ်နေကြသည်။

ယင်းဥပဒေကြမ်းနှင့် ပတ် သက်၍ သီးခြားကြားနာရန် ဒီမို ကရေစီလိုလားသော လွှတ်တော် အမတ်များနှင့် ဘေဂျင်းလိုလား သော လူအများစုက ကြိုးပမ်းစဉ် တင်းမာမှုများဖြစ်ပေါ်ခဲ့သည်။

ရုန်းရင်းဆန်ခတ် ဖြစ်စဉ် လွှတ်တော်အမတ်များက စားပွဲ များပေါ်သို့တက်ကာ အချင်းချင်း ဆဲဆိုခဲ့ပြီး လုံခြုံရေးဝန်ထမ်းများက တည်ငြိမ်အောင် ကြိုးပမ်းစဉ် ၎င်းတို့ချင်း လုံးထွေးသွားခဲ့သည်။  လွန်ခဲ့သော နှစ်ပတ်က ယင်းဥပဒေကြမ်းကို ဆန့်ကျင်သူ ၁၃၀,၀၀၀ ကျော် ချီတက်ဆန္ဒပြ ခဲ့ပြီး ပယ်ဖျက်ရန် တောင်းဆိုခဲ့ သည်။       

No comments:

Post a Comment