Sunday, May 12, 2019

ဘင်္ဂလားဒေ့ရှ် လေယာဉ်ပျက်က ဝန်ထမ်းတွေ အိမ်ပြန်ပြီ

 ရန်ကုန် မင်္ဂလာဒုံလေဆိပ်ကို အဆင်းမှာ လမ်းချော်သွားတဲ့ ဘင်္ဂလာဒေ့ရှ်နိုင်ငံက ဘာမင်လေကြောင်းလိုင်းက လေယာဉ်မှူးနဲ့ ဝန်ထမ်းများ သောကြာနေ့က ဘာမင်အထူးလေယာဉ်နဲ့ ဘင်္ဂလာဒေ့ရှ်နိုင်ငံကို ပြန်လည်ထွက်ခွာသွားပါတယ်။ေ လယာဉ်ဝန်ထမ်းတွေမှာ လေယာဉ်မှူးနှစ်ဦး၊ ဝန်ထမ်နှစ်ဦးနဲ့ အင်ဂျင်နီယာ နှစ်ဦးတို့ ပါဝင်ပါတယ်။ သူတို့ဟာ လေယာဉ်လမ်းချော်တဲ့ကိစ္စ လုပ်ထုံးလုပ်နည်းအရ ဆောင်ရွက်စရာတွေ ပြီးမြောက်သွားပြီဖြစ်တာကြောင့် ဘင်္ဂလားဒေ့ရှ်ကို ပြန်လည်ထွက်ခွာတာဖြစ်ပါတယ်။ လမ်းချော်သွားတဲ့ လေယာဉ် BG 060 ပေါ်မှာ ဝန်ထမ်းနဲ့ ခရီးသည် ၃၅ ဦးပါရှိပြီိး ၁၉ ဦး ထိခိုက်ဒဏ်ရာရရှိပါတယ်။ ၁၈ ဦးကို ဆေးရုံကို ပို့ဆောင်ခဲ့ပြီး ဗုဒ္ဓဟူးနေ့ညနေပိုင်းက လေးဦးဆေးရုံက ပြန်ဆင်းခဲ့ပြီဖြစ်ပါတယ်။

No comments:

Post a Comment