Saturday, May 18, 2019

စကုမြို့ စည်ပင်သာယာဈေးတွင် သက်တမ်းရင့် ညောင်ပင်ပြိုလဲရာမှ ပျံကျဈေးဆိုင်တန်း(၁၃)ခန်းနှင့် ပျံကျဈေးဆိုင် (၄) ဆိုင် ပြိုလဲပျက်စီး

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု) မြို့နယ်၊ စကုမြို့၊ စည်ပင်သာယာဈေးမြောက်ဘက်တွင် မေ ၁၆ ရက် ည ၁၁ နာရီက သက်တမ်းရင့်ညောင်ပင်ပြိုလဲခဲ့ရာ ပျံကျဈေးဆိုင်တန်း(၁၃)ခန်းနှင့် ပျံကျဈေးဆိုင် (၄) ဆိုင်ပြိုလဲပျက်စီးခဲ့ကြောင်း စကုနယ်မြေရဲစခန်းမှ သိရသည်။ အဆိုပါ ညောင်ပင်သည် လုံးပတ်(၁၀)ပေခန့်၊ အမြင့် (၁၂၀) ပေခန့်ရှိသော သက်တမ်းရင့်ညောင်ပင်ဖြစ်ပြီး ပြိုလဲခဲ့ရာ ဈေးအတွင်းရှိ ပျံကျဈေးဆိုင်တန်း (၁၃)ခန်းပါ သွပ်မိုး၊ ပျဉ်ခင်း၊ ဈေးတန်းလျားနှင့် ပျံကျဈေးဆိုင် မိုးကာမိုး၊ ဝါးကြမ်းခင်း(၄)ဆိုင်ပေါ်သို့ လဲပြိုမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
သစ်ပင်ပြိုလဲမှုအား စကုမြို့အုပ်ချုပ်ရေးမှူး ဦးကြည်မင်းပါ (၃) ဦး၊ စကုနယ်မြေစခန်းမှ ဒုရဲအုပ်ကျော်မျိုးဦးနှင့် အဖွဲ့ဝင်များ၊ စကုမြို့ မီးသတ်ဦးစီးဌာနမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးဝေလင်းနှင့် အဖွဲ့ဝင်များ၊ စကုမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဈေးခေါင်း ဦးသိန်းဝင်းနှင့် အဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့ဝင်များသည် ပြိုလဲကျနေသော ညောင်ပင်အား ရှင်းလင်းဆောင်ရွက်ခဲ့ပြီး သက်တမ်းရင့် သစ်ပင်ပြိုလဲမှုကြောင့် လူနှင့် တိရိစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။

No comments:

Post a Comment