Tuesday, May 14, 2019

ဒေသတွင်း မတည်ငြိမ်မှုကြောင့် ကမ္ဘာ့ဘဏ်စီမံကိန်း ရုပ်သိမ်းမည်ကို စိုးရိမ်ဟု ရခိုင်လွှတ်တော်ဥက္ကဋ္ဌပြော

 ဒေသတွင်း ဖြစ်ပွားနေ သော မတည်ငြိမ်မှုများကြောင့် ကမ္ဘာ့ဘဏ်၏ ဖွံ့ဖြိုးရေးအစီအ စဉ် ပြန်လည်ရုပ်သိမ်းခြင်း၊ ဒေသ ပြောင်းလဲခြင်းများ ဆောင်ရွက် မည်ကို စိုးရိမ်ကြောင်း ရခိုင်ပြည် နယ်လွှတ်တော်ဥက္ကဋ္ဌက ကမ္ဘာ့ ဘဏ်မှ စီးပွားရေးပညာရှင်နှင့် တွေ့ဆုံစဉ်ပြောကြားသည်။ ရခိုင်ပြည်နယ်တွင် ဒေသဖွံ့ ဖြိုးရေး ဆောင်ရွက်နိုင်မည့် တည်ငြိမ်သော နေရာများရှိပြီး ထိုနေရာများ၌ ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ကိုင်နိုင်သည်ဟု မေလ ၁၃ ရက်တွင် တွေ့ဆုံဆွေးနွေးစဉ် လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှက ပြောသည်။
ကမ္ဘာ့ဘဏ်က ရခိုင်ပြည် နယ် ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးရေးစီမံကိန်းတစ်ခုအတွက် ကန်ဒေါ်လာ သန်း ၁၀၀ သုံးစွဲပြီး ဆောင်ရွက်ရန် ပြင်ဆင်နေသည်။ စီမံကိန်းနှင့်ပတ်သက်ပြီး လိုအပ် သော ဆောင်ရွက်ချက်များ စတင်ပြင်ဆင်နေပြီး ရခိုင်ပြည်နယ် အစိုးရ၊ လွှတ်တော်တို့နှင့် တွေ့ဆုံ ဆွေးနွေးနေသည်ဟု ကမ္ဘာ့ဘဏ်ပြန်ကြားရေးအရာရှိ ဦးကျော်စိုး လင်းက ပြောသည်။ ‘‘လောလောဆယ် စီမံကိန်း က အကြမ်းအဆင့် ရေးဆွဲထား တာပဲ ရှိပါသေးတယ်’’ဟု ဦးကျော်စိုးလင်းက ပြောသည်။

ကမ္ဘာ့ဘဏ်၏ ရခိုင်ပြည် နယ် အကူအညီပေးရေး စီမံကိန်း အတွက် ပြည်ထောင်စုအစိုးရ၊ ပြည်ထောင်စုလွှတ်တော်သို့ တင်ပြရန် ကျန်ရှိနေကြောင်း ၎င်းကပြောသည်။ ထို့အပြင် စီမံကိန်းတွင်ဆောင်ရွက်မည့် ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်ပြီး ကမ္ဘာ့ဘဏ် ဒါရိုက်တာဘုတ်အဖွဲ့ ၏ သဘောတူညီခွင့်ပြုမှု ရယူရန်ကျန်ရှိသေးကြောင်း ၎င်းကဆက်လက်ပြောသည်။

ရခိုင်ပြည်နယ် ပြန်လည်ထူ ထောင်ရေးနှင့် ဖွံ့ဖြိုးရေးစီမံကိန်း အတွက် ကနဦး လျာထားချက်အရ ရှစ်မြို့နယ်၌ အကောင်အ ထည်ဖော်မည် ဖြစ်သည်။ စီမံ ကိန်းမူကြမ်းတွင် လျာထားခြင်း ဖြစ်ပြီး လက်ရှိ၌ ကမ္ဘာ့ဘဏ်က လေ့လာဆန်းစစ်နေသည်။

စ်ီမံကိန်း အကောင်အထည် ဖော်ရန် ၂၀၁၉ ကစတင် ပြင်ဆင် ခဲ့ပြီး စီမံကိန်းအတွက် လုပ်ငန်းစဉ် များ ပြင်ဆင်မှုက ခြောက်လမှ ၂ နှစ်အထိ ကြာမြင့်တတ်ကြောင်း ဦးကျော်စိုးလင်းက ပြောသည်။ ရခိုင်ပြည်နယ်တွင် ၂၀၁၈ နှစ်ကုန်ကစ၍ တပ်မတော်နှင့် AAတို့ တိုက်ပွဲများ ဖြစ်ပွားနေသည်။

No comments:

Post a Comment