Tuesday, May 14, 2019

အင်း​တော်​မြို့နယ်​တွင်​​ကျောက်​တင်​ယာဉ်​တစ်​စီးတိမ်း​မှောက်​ရာ လူ(၄)ဦး​သေဆုံး

စစ်​ကိုင်းတိုင်း​ဒေသကြီး၊အင်​​တော်​မြို့နယ်​​ရွာ​ဟောင်း​ကျေးရွာအနီးတွင်​ ​ကျောက်​တင်​ယာဉ်​တစ်​စီးတိမ်း​မှောက်​ရာ ယာဉ်​​ပေါ်ပါ အမျိုးသား(၄)ဦး ​သေဆုံးသွား​ကြောင်း သိရသည်​။ ဖြစ်​စဉ်​မှာ မေ ၁၂ ရက်​​ ​နေ့လယ်​၁၂ နာရီခွဲ ခန့့်​တွင်​အင်း​တော်​မြို့မရဲစခန်းမှ ဒုရဲအုပ်​ဖြိုးသူ​ကျော်​ ဦးစီး​သောရဲတပ်​ဖွဲ့ဝင်​များသည် ​ယာဉ်​တစ်​စီးတိမ်း​မှောက်​​နေ​ကြောင်း သတင်းအရ သက်​​သေများနှင့်​အတူ အခင်းဖြစ်​​နေရာဖြစ်​​သော အင်း​တော်​မြို့နယ် ​မိုးယူ​ကျေးရွာအနီးတွင်​ သွား​ရောက်​ကြည့်​ ရှု့စစ်​​ဆေးရာ ​မောင်​​ပေါ ဆိုသူ​မောင်း​နှင်​လာ​သော9J/---- (၆)ဘီးယာဉ်​သည် ​မိုးယူ​ကျေးရွာ ရွာမဘုန်း​တော်​ကြီး​ဆောက်​လုပ်​ရန်​အတွက် ​​ကျောက်​များ တင်​​ဆောင်​​မောင်းနှင်​လာစဉ်
မိုးယူ​ကျေးအနီးအ​ရောက် တွင်​ယာဉ်​အားအရှိန်​မထိန်းနိုင်​သဖြင့်​တိမ်း​မှောက်​သွားစဉ်​ ယာဉ်​​ပေါ်ပါအင်း​တော်​မြို့နယ် ​၊မိုးယူ​ကျေးရွာသားများဖြစ်​ကြ​သော ဦး​ဋ္ဌေးဝင်း၊ဦးထွန်း​မောင်​၊ဦးမင်း​အောင်​၊ဦး​အောင်​​ရွှေတို့(၄)ဦးမှာ အခင်းဖြစ်​​နေရာတွင် ​​သေဆုံးသွား​ကြောင်း စစ်​​ဆေး​တွေ့ရှိရသဖြင့်ယာဉ်​အား​ပေါ့စွာ​မောင်းနှင်​သူ ​မောင်​​ပေါ အား အင်း​တော်​မြို့မရဲစခန်းက ဖမ်းဆီးအ​ရေးယူ​ဆောင်​ရွက်​ထား​ကြောင်းသိရသည်​။

No comments:

Post a Comment