Saturday, May 18, 2019

ဟွာဝေးကုမ္ပဏီကို ကန့်သတ်မှုဟာ တရုတ်နဲ့ အမေရိကန် ဆက်ဆံရေးပျက်ပြားတာကို ဖော်ပြမှုတစ်ခုဖြစ်နေ

တရုတ်နဲ့ အမေရိကန်ကုန်သွယ်ရေး စစ်ခင်းမှုကြားထဲကို နိုင်ငံတကာ ဆက်သွယ်ရေး ကုမ္ပဏီကြီးတစ်ခုကလည်း ဒီအာဏာ လွန်ဆွဲပွဲရဲ့ ဗဟိုချက်ထဲကို ရောက်လာနေပါတယ်။ အိမ်ဖြူတော်ရဲ့ပြောကြားချက်တွေထဲမှာတော့ ဘယ်နိုင်ငံ ၊ ဘယ် ကုမ္ပဏီလဲဆိုတာ မပြောထားခဲ့ပေမဲ့ သမ္မတ Trumpကတော့ Huaweiကို အာရုံထားနေတာလည်းဖြစ်ပါတယ်။



နိုင်ငံအန္တရာယ်ရှိတယ်လို့ ယူဆရင် စီးပွားရေးအဆက် အသွယ်ဖြတ် ဖို့ကိုလည်း အမေရိကန်ဘက်က ကြုံးဝါးထားတာပဲဖြစ်ပါတယ်။ အမေရိကန်နဲ့ အခြားနိုင်ငံတွေက 5G ကွန်ရက်တွေ တည်ဆောက် နေချိန်မှာ နည်းပညာနဲ့ လုံခြုံရေးစစ်ပွဲက ကုန်သွယ်ရေး စစ်ပွဲ ရဲ့ရှေ့တန်းကိုရောက်လာတာလည်းဖြစ်ပါတယ်။

အခုလိုအချက်တွေကြောင့် တရုတ်အစိုးရဘက်ကလည်း အမေရိကန်ဘက်ကို “ အခြားနိုင်ငံတွေဘက်ကလည်း သူတို့ပြည်တွင်းဥပဒေကို သုံးပြီး တစ်ဖက်သက်ပိတ်ဆို့မှုတွေ လုပ်တာ၊ ပို့ကုန်ထိန်းချုပ်မှုတွေချိုးဖောက်တာတွေကို ဆန့်ကျင်နေပါတယ်။ အမေရိကန်ဘက်က ဒါမျိုးမလုပ်ဖို့ကို လည်းတောင်းဆိုပါတယ်” လို့ အခုလိုပဲ တုန့်ပြန်ပြောဆို လိုက်ပါတယ်။

Huawei ကိုနည်းပညာမရောင်းချဖို့ အမေရိကန် ကုမ္ပဏီတွေကို ကန့်သက်မယ်လို့လည်း အမေရိကန် ကူးသန်းရောင်းဝယ်ရေးဌာနက တားမြစ်ထားပါတယ်။အခုလို စီးပွားရေး နဲ့ လုံခြုံရေးပြဿနာ တွေဖြစ်နေတာဟာ တရုတ်နဲ့ အမေရိကန် ဆက်ဆံရေး ပျက်ပြားနေတာကို ပြနေတာလည်းဖြစ်တယ် လို့ BBC သတင်းတွေမှသိရပါတယ်။

No comments:

Post a Comment