Saturday, May 18, 2019

ကုလားတန်စီမံကိန်းရှိ ကုန်းတွင်းဆိပ်ကမ်းများဆောက်ရန် ကုမ္ပဏီများကို ဖိတ်ခေါ်

ကုလားတန်ဘက်စုံသုံး စီမံကိန်း၏ အစိတ်အပိုင်းဖြစ် သော စစ်တွေနှင့် ပလက်ဝရှိ ကုန်းတွင်းဆိပ်ကမ်း (IWT)ကို ဆောင် ရွက်လိုသည့် ကုမ္ပဏီများအား အိန္ဒိယအစိုးရက မေလ ၁၆ ရက် တွင် စတင်ဖိတ်ခေါ်သည်။ အဆိုပါ လုပ်ငန်း ဆောင်ရွက်လိုသည့် ကုမ္ပဏီများသည် ဂုဏ် သတင်းကျော်ကြားသော အိန္ဒိယကုမ္ပဏီ (သို့မဟုတ်) အိန္ဒိယကု မ္ပဏီက ဦးဆောင်သည့် မြန်မာ-အိန္ဒိယ အကျိုးတူပူးပေါင်းဆောင် ရွက်သည့် ကုမ္ပဏီဖြစ်ရန်လိုအပ် ကြောင်း အိန္ဒိယ ပြည်တွင်းရေ ကြောင်း အာဏာပိုင်အဖွဲ့က ထုတ်ပြန်ကြေညာသည်။

ကုမ္ပဏီသည် ပလက်ဝနှင့် စစ်တွေရှိ ဆိပ်ကမ်းများကို စီမံ ခန့်ခွဲခြင်း၊ လုပ်ငန်း လည်ပတ်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းတို့ ဆောင်ရွက်ရမည်ဟု အိန္ဒိယက ဆိုသည်။ ကုမ္ပဏီများသည် မေလ ၁၆ ရက်မှ ဇွန်လ ၁၀ ရက်အတွင်း တင်ဒါ လျှောက်ထားနိုင်သည်ဟု အိန္ဒိယပြည်တွင်းရေကြောင်း အာဏာပိုင် အဖွဲ့က ထုတ်ပြန်သည်။

ကန်ဒေါ်လာ သန်း ၅၀၀ တန် ကုလားတန်ဘက်စုံသုံး စီမံ ကိန်းသည် မြန်မာ-အိန္ဒိယ နှစ် နိုင်ငံကို ကုန်းလမ်း၊ ရေလမ်းဖြင့် ဆက်သွယ်ရန်ဖြစ်ပြီး စီမံကိန်းကို ၂၀၂၀ တွင် အပြီးသတ်ရန် စီစဉ် ထားသည်။

 အဆိုပါ စီမံကိန်းသည်ရခိုင်ပြည်နယ် စစ်တွေမှ ကုလားတန်မြစ်ကို ရေကြောင်းဖြင့် ဖြတ်သန်းပြီး ချင်းပြည်နယ် ပလက်ဝမြို့မှ ကားလမ်းဖြင့် အိန္ဒိယနိုင်ငံမီဇိုရမ်မြို့သို့ ဆက်သွယ်ရန်ဖြစ် သည်။ ယင်းစီမံကိန်းကို ၂၀၁၄ တွင် စတင်ခဲ့ပြီး အိန္ဒိယက အကုန်အကျခံ တည်ဆောက်ခြင်း ဖြစ် သည်။

ကုလားတန်ဘက်စုံသုံးစီမံ ကိန်းကို ရခိုင်လက်နက်ကိုင်အဖွဲ့ (AA)၏ တိုက်ခိုက်မှုများကြားမှ ဆက်လက်လုပ်ကိုင်နိုင်ရေး နှစ် နိုင်ငံ ကိုယ်စားလှယ်များက မေ လ ၃ ရက်တွင် နေပြည်တော်၌ ဆောက်လုပ်ရေး ၀န်ကြီးဌာန၊ ချင်းပြည်နယ်အစိုးရနှင့် အိန္ဒိယ ကိုယ်စားလှယ်အဖွဲတို့ ဆွေးနွေး ခဲ့သည်။ ထို့ပြင် အိန္ဒိယသံအမတ် သည် မေလ ၆ ရက်မှ ၁၀ ရက်အ ထိ ချင်းပြည်နယ်ခရီးစဉ်တွင် စီမံ ကိန်းများကို လုံခြုံရေးယူပေးရန် ပြည်နယ်အစိုးရထံ တောင်းဆိုခဲ့ သည်။

‘‘အခုတော့ ပြည်ထောင်စု အစိုးရဘက်က သူတို့တည် ဆောက်တဲ့ အပိုင်းလိုက်ကို လုံခြုံ ရေးယူပေးမယ်ဆိုလို့ အိန္ဒိယ ဘက်က တင်ဒါစခေါ်တာပါ’’ ဟု ချင်းပြည်နယ် လမ်းပန်းဆက် သွယ်ရေးဝန်ကြီး ဦးရွှေထီးအိုးက ပြောသည်။

ရခိုင်ပြည်နယ် စည်ပင်သာ ယာရေး ၀န်ကြီး ဦးဝင်းမြင့်က  ‘‘တခြားမြို့နယ်တွေမှာ ဖြစ်ပေမယ့် စစ်တွေဆိပ်ကမ်းကတော့ စစ်တွေမြို့နားမှာ ဆောင်ရွက်နေတာမို့ အခုချိန်ထိတော့ တိုက်ပွဲကြားမှာ မပါဘူး။ အန္တရာယ်မရှိပါ ဘူး’’ဟု ဆိုသည်။ ကုလားတန်ဘက်စုံသုံး စီမံ ကိန်း၏ အစိတ်အပိုင်းတစ်ခုဖြစ် သည့် ပလက်ဝတံတား တည် ဆောက်ရေး သံပေါင်များသယ် ဆောင်လာသည့် သင်္ဘောကို AA  အဖွဲ့က မတ်လအတွင်း မီးရှို့ဖျက် ဆီး၍ တံတားတည်ဆောက်ရေး စီမံကိန်းယာယီ ရပ်ဆိုင်းထား သည်။ AA အဖွဲ့က အဆိုပါ စီမံ ကိန်း၌ လမ်းဖောက်လုပ်ရေး ဆောင်ရွက်နေသည့် အလုပ်သ မား ရှစ်ဦးကို မတ်လ ၃၀ ရက် တွင် ဖမ်းဆီးထားသည်။

No comments:

Post a Comment